DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူက ပေါ်တူဂီ ညာနောက်ခံလူ ဂျိုဆေ ဘိုဆင်ဝါကို ပေါင် (၁၅)သန်းနဲ့ ကမ်းလှမ်း
အေဂျင်စီသတင်းများ - မေ ၂၊ ၂၀၀၈

မန်ယူနိုက်တက်က ပေါ်တူဂီ ညာနောက်ခံလူ ဂျိုဆေ ဘိုဆင်ဝါကို ပေါင် (၁၅.၈)သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဆန်းစပေါ့စာစောင်က ပေါ်တိုကလပ်အနေနဲ့ မန်ယူရဲ့ ကမ်းလှမ်းချက်ကို မနေ့က ရရှိကြောင်း အတည်ပြု ပေးနိုင်ပေမယ့် ပေါင် (၂၂)သန်းထက် မနည်းတဲ့ ဈေးကို လိုချင်နေပါတယ်။

ယူနိုက်တက်နည်းပြ ဖာဂူဆန်က ဂယ်ရီ နဗီးလ်ရဲ့ နေရာမှာ အစားထိုးနိုင်ဖို့အတွက် ဘိုဆင် ၀ါကို ခေါ်ယူလိုနေခြင်း ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဘိုဆင်ဝါရဲ့ ကစားပုံမှာ မန်ယူရဲ့ ဘယ်နောက်ခံလူ အီဗရာနဲ့ ခပ် ဆင်ဆင် တူပါတယ်။

ကာယကံရှယ် ကစားသမားနဲ့ အေးဂျင့်ဖြစ်သူတို့ကတော့ အပြောင်းအရွေ့အတွက် သဘော တူခဲ့တယ်လို့ ဆိုပါတယ်။

ဖာဂီက ပြီးခဲ့တဲ့ ဇန်န၀ါရီကတည်းက စကားပြောဆိုနိုင်ဖို့ လက်ထောက်နည်းပြ ကားလို့စ် ကွီရော့စ်ကို ပေါ်တူဂီကို စေလွှတ်ခဲ့ ဖူးပါတယ်။

ညာနောက်ခံလူ ဘိုဆင်ဝါဟာ ပေါ်တိုအတွက် (၁၀၃)ပွဲမှာ (၂)ဂိုးနဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် (၆)ပွဲ ကစားထား ပါတယ်။


ညာနောက်ခံလူ ဂျိုဆေ ဘိုဆင်ဝါ