DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဘောလုံးကလောင်ရှင်များရဲ့ အကောင်းဆုံးဆုကို စီရော်နယ်ဒို ဒုတိယအကြိမ် ဆွတ်ခူး
ဘီဘီစီ - မေ ၂၊ ၂၀၀၈

မန်ချက်စတာ ယူနိုက်တက်ရဲ့ တောင်ပံသမား ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဘောလုံး ကလောင်ရှင်များအသင်းက ပေးအပ်တဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ကစားသမားဆုကို (၂)နှစ်ဆက်တိုက် ရရှိသွားပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ ၂၀၀၄မှာ သီရာယီ ဟင်နရီ ဒုတိယအကြိမ် ဒီဆုကို ရရှိပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် (၂)နှစ်ဆက်တိုက် ရရှိခြင်း ဖြစ်ပါတယ်။

အသက် (၂၃)နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့(PFA)က ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ပူပူနွေးနွေး ရရှိထားပါတယ်။

လီဗာပူးတိုက်စစ်မှူး ဖာနန်ဒို တော်ရက်စ်နဲ့ ပို့စ်မောက် ဂိုးသမား ဒေးဗစ်ဂျိမ်းစ်တို့ကတော့ ဒုတိယနဲ့ တတိယ ချိတ်ပါတယ်။

ဘောလုံးကလောင်ရှင်များအဖွဲ့ ဥက္ကဌ ပေါလ် ဟယ်သရင်တန်က “ရာသီတစ်ခုတည်းမှာ တောင်ပံသမားတစ်ယောက်ကနေ (၃၈)ဂိုးအထိ သွင်းနိုင်တာဟာ အရမ်းချီးကျုး အံ့သြဖို့ ကောင်းပါတယ်” လို့ ပြောပါတယ်။

“သူက ရာနူန်းပြည့် ထောက်ခံမှုရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်း မဲပေးတော့ သူက အားလုံးရဲ့ ထိပ်ဆုံးကို ရောက်လာတာပါ”

ရော်နယ်ဒိုဟာ ဒီရာသီအတွင်းမှာ မန်ယူကို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်အောင် ကူညီနိုင်ခဲ့သလို ပရီးမီးယားရှစ်မှာလည်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် အဓိကနေရာကနေ စွမ်းဆောင် ပေးထားပါတယ်။


ရော်နယ်ဒို