DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဝက်စ်ဟမ်းနဲ့ပွဲအတွက် ၀ိန်းရွန်နီ ပြန်ကစားဖို့ အဆင်သင့်ဖြစ်
ဘီဘီစီ - မေ ၁၊ ၂၀၀၈

မန်ယူတိုက်စစ်မှူး ၀ိန်းရွန်နီဟာ လာမယ့် စနေနေ့ ၀က်စ်ဟမ်းနဲ့ပွဲမှာ ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ရွန်နီဟာ အင်္ဂါနေ့က ဘာစီလိုနာကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာကြောင့် ပါဝင်နိုင် ခဲ့ခြင်း မရှိပါဘူး။

နည်းပြ ဖာဂူဆန်က “ဘာစီလိုနာနဲ့ပွဲတုန်းက သူ့ကို ဒဏ်ရာကြောင့် မကစား ခိုင်းခဲ့ပါဘူး။ သူ့ ဒဏ်ရာက တော်တော် နာနေပါတယ်” လို့ ပြောပါတယ်။

“လာမယ့် ရက်တွေအတွင်းမှာ အခြေအနေ ပြန်ကောင်းလာပါလိမ့်မယ်။ စနေနေ့ပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွားမှာပါ”

ဘာကာကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရလို့ အထမ်းစင်နဲ့ သတ်ထုတ်သွားခံရတဲ့ နောက်ခံလူ အီဗရာလည်း ၀က်စ်ဟမ်းနဲ့ပွဲမှာ ပြန်ပါလာဖွယ် ရှိပါတယ်။

ဗဟိုနောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဗစ်ဒစ်ကတော့ ဘာစီလိုနာနဲ့ ပထမအကျော့တုန်းကရတဲ့ မျက်နှာက ဒဏ်ရာက မသက်သာသေးလို့ ကစားနိုင်ဖို့ မသေချာ သေးပါဘူး။

ဖာဂီက “ဗစ်ဒစ်ရဲ့ အခြေအနေက ဆရာဝန်က အနီးကပ် ကြည့်ရှုနေရပါတယ်။ သူ့အနေနဲ့ ၀က်စ်ဟမ်းနဲ့ပွဲမှာ ပါဖို့ မဖြစ်နိုင်သေးပါဘူး” လို့ ထပ်ပြောပါတယ်။

မန်ယူဟာ လက်ကျန်ပွဲ (၂)ပွဲ ကစားဖို့ ရှိနေပြီး ပထမပွဲကို အိမ်ကွင်းမှာ ၀က်စ်ဟမ်း၊ ဒုတိယ ပွဲကို အဝေးကွင်းမှာ ၀ီဂန်နဲ့ ကစားရမှာဖြစ်ပြီး နှစ်ပွဲစလုံး အနိုင်ရရင် ပရီးမီးယားရှစ် ချန်ပီယံ ဆုကို ထပ်ဆင့် ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် နာကျင်နေတဲ့ ရွန်နီ