မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ကလပ်တစ်ခုဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ Deloitte စာစောင်က ထုတ်ပြန်တဲ့ အချမ်းသားဆုံး ကလပ် စာရင်းမှာ တုန်းက ရီရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယချိတ်တဲ့ မန်ယူဟာ အခုအခါမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားလို့ ဇယားထိပ်ကို ရောက်လာပြီ ဖြစ်ပါတယ်။
Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်အရ မန်ယူရဲ့ တန်ဖိုးဟာ ပေါင် (၉၀၅)သန်း (ဒေါ်လာ သန်း ၁,၈၀၀)နဲ့ ထိပ်ဆုံးမှာ ရှိပြီး ရီရဲလ်က ပေါင် (၆၄၆)သန်း (ဒေါ်လာ ၁,၂၈၅ သန်း)နဲ့ ဒုတိယ၊ အာစင်နယ်က ပေါင် (၆၀၃)သန်း (ဒေါ်လာ သန်း ၁,၂၀၀)နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
ကမ္ဘာ့အချမ်းသားဆုံး ကလပ်အသင်း (၂၅)ခုရဲ့ စာရင်းမှာ လီဗာပူးက အဆင့် (၁၁)နေရာ ကနေ အဆင့် (၄)အထိ တက်လာပြီး ဆဲလ်တစ်က အဆင့် (၂၀)မှာ ရှိနေပါတယ်။
တခြား ဗြိတိသျှကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးက အဆင့် (၈)၊ တော့တင်ဟမ်က အဆင့် (၁၂)နဲ့ နယူးကာဆယ်က အဆင့် (၁၆)နေရာမှာ ရှိနေပါတယ်။
တဆက်တည်းမှာပဲ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကစားသမားနေရာကိုတော့ ဒေးဗစ် ဘက် ဟမ်းက ရော်နယ်ဒင်ဟိုကို ဖြတ်ကျော်ပြီး ဗိုလ်စွဲသွားပါတယ်။
ဘက်ဟမ်းဟာ လော့စ်အိန်ဂျလိစ် ဂလက်စီမှာရတဲ့ တစ်နှစ်ဝင်ငွေဟာ ပေါင် (၂၅)သန်း (ဒေါ်လာ ၄၈.၉ သန်း)နဲ့ အချမ်းသာဆုံး ဘောလုံးသမားစာရင်း ၀င်သွားပါတယ်။
ဘာကာတိုက်စစ်မှူး သီယာရီ ဟင်နရီက ဒီနှစ်အတွင်းမှာ စုစုပေါင်း ၀င်ငွေ ပေါင် (၁၂.၅) သန်းနဲ့ တတိယ ၀င်ငွေအကောင်းဆုံး စာရင်း ချိတ်ပါတယ်။
|