မန်ယူမှာ ရှင်သန်ရတဲ့ ဘ၀က ခက်ခဲ့ပေမယ့် အသင်းပြောင်းဖို့တော့ အစီအစဉ် မရှိကြောင်း ခရစ်စတီယာနို ရော်နယ်ဒိုက ၀န်ခံလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဟာ ဒီရာသီအတွင်းမှာ သွင်းဂိုး (၃၈)ဂိုးနဲ့ မန်ယူနိုက်တက်ကို ချန်ပီယံ ဗိုလ်လုပွဲရောက်အောင်နဲ့ ပရီးမီးယားရှစ်မှာ ထပ်ဆင့် ချန်ပီယံဖြစ်အောင် အဓိက ကူညီ ပေးနေ ပါတယ်။
စပိန်ထိပ်သီး ရီရဲလ်မက်ဒရစ်ကတော့ စီရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့အကြောင်း ထပ်ခါတလဲလဲ ထုတ်ဖော် ထားပါတယ်။
“မန်ယူမှာ ရှင်သန်ရတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျနော် ပျော်ပါတယ်။ ဒီမှာ ရာသီတော် တော်များများ ကစားဖို့ ရည်ရွယ် ထားပါတယ်” လို့ ရော်နယ်ဒိုက ပြောပါတယ်။
အင်္ဂလန်မှာ ရာသီဥတုက ဆိုးပါးတယ်။ ဒါပေမယ့် အခုတော့ ကျင့်သား ရနေပါပြီ။ ဒီအသင်းက ကြီးကျယ်တဲ့ အသင်းတစ်သင်းပါ
သူဟာ မန်ယူအတွက် ပွဲပေါင်း (၁၆၁)ပွဲမှာ (၆၃)ဂိုးနဲ့ ပေါ်တူဂီအတွက် ကစားပေးတဲ့ (၅၄)ပွဲ မှာ ဂိုး (၂၀) သွင်းထားပါတယ်။
|