အေစီမီလန်ကွင်းလယ်လူ ဂတ်တူဆိုဟာ ဘိုင်ယန်မြူးနစ်နဲ့ အပြောင်းအရွေ့အတွက် ပုဂ္ဂိုလ် ရေးဆိုင်ရာ အချက်အလက်တွေကို သဘောတူညီချက် ရခဲ့ပြီးဖြစ်လို့ (၄)နှစ်စာချုပ်နဲ့ ပြောင်းရွေ့တော့မှာ ဖြစ်ပါတယ်။
ဂတ်တူဆိုရဲ့ အနာဂတ်ဟာ ဒီအပတ်အတွင်း မီလန်မှာ မသေချာ မရေရာ ဖြစ်နေတဲ့အတွက် ပြည်ပမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ အသင်းပြောင်းမှာ ဖြစ်တယ်လို့ အီတလီ မီဒီယာတွေက ခန့်မှန်းပါတယ်။
ရီရဲလ်မက်ဒရစ်နဲ့ မန်ယူတို့လို အသင်းကြီးတွေက အသက် (၃၀)အရွယ် ဂတ်တူဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ စိတ်ဝင်စားမှုကို လက်တွေ့ ပြသခြင်း ဖြစ်ပါတယ်။
ဂတ်တူဆို အပြောင်းအရွေ့အတွက် အေစီမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့က ပြောင်းရွေ့ကြေး ပေါင် (၁၂.၅)သန်းနဲ့ သဘောတူ ထားပါတယ်။
မီလန်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အာစင်နယ် ကွင်းလယ်လူ မက်သယူး ဖလာမီနီ ရောက်ရှိလာလို့ ကွင်းလယ်မှာ ဂတ်တူဆိုအတွက် ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
|