DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ရာသီကုန်ရင် ဘာစီလိုနာ ရစ်ကတ်နဲ့ လမ်းခွဲပြီး အရန်အသင်းနည်းပြနဲ့ အစားထိုးဖို့ စီစဉ်
အေဂျင်စီသတင်းများ - မေ ၉၊ ၂၀၀၈

ဘာစီလိုနာနည်းပြ ဖရန့် ရစ်ကတ်ဟာ ရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပြီး သူ့နေရာမှာ အရန်အသင်းနည်းပြ ဂျိုဆပ် ဂါရာဒီယိုလာက တာဝန်ယူသွားမှာ ဖြစ်တယ်လို့ အသင်းဥက္ကဌ ဂျိုအန် လာပေါ်တာက ကြေညာပါတယ်။

အသက် (၄၅)နှစ်အရွယ် နည်းပြ ရစ်ကတ်ဟာ ဘာကာကို ၂၀၀၃မှာ ရောက်ရှိခဲ့ပြီး နူကန့်ကလပ်ကို ၂၀၀၅နဲ့ ၂၀၀၆ မှာ လာလီဂါ ချန်ပီယံဆုနဲ့ ၂၀၀၆ ချန်ပီယံလိဂ်ဆုဖလားတို့ကို ရရှိအောင် စွမ်းဆောင် ထားပါတယ်။

ဘာစီလိုနာဟာ (၂)နှစ်ဆက်တိုက် ဖလားလက်မဲ့ ဖြတ်သန်းခဲ့ရပြီး လောလောဆယ် လာလီဂါ အမှတ်ပေးဇယားမှာလည်း တတိယနေရာမှာ ရပ်တည်နေပါတယ်။

အသက် (၃၇)နှစ်အရွယ် အရန်အသင်းနည်းပြ ဂါရာဒီယိုလာဟာ ၁၉၈၄ ကနေ ၂၀၀၁ အထိ ဘာကာမှာ (၁၇)နှစ်လောက် ကစားသမားအဖြစ် ရည်တည်ခဲ့ ပါတယ်။

အခုလို နည်းပြအပြောင်းအလဲလုပ်တဲ့ ကြေညာချက်ဟာ ဘာစီလိုနာက ပြိုင်ဖက်ကြီး ရီရဲလ် မက်ဒရစ်ကို (၄ - ၁)နဲ့ ရှုံးတဲ့ပွဲအပြီး (၂၄)နာရီအတွင်းမှာ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။

ရစ်ကတ်ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၀၉ အထိ ရှိနေပါတယ်။

ဘာကာဥက္ကဌ ဂျိုအန် လာပေါ်တာက “အုပ်ချုပ်ရေးအဖွဲ့က ရစ်ကတ်ရဲ့ ရာသီကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့နေရာမှာ အရန်အသင်းနည်းပြ ဂါရြာဒီယိုလာနဲ့ အစားထိုး သွားမှာပါ” လို့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုပါတယ်။

ဂျိုဆေက အကြားအမြင် ဗဟုသုတ များပါတယ်။ အကောင်းမြင် တတ်ပါတယ်။ အောင်မြင် ဖို့အတွက် ကိုယ့်ကိုယ်လည်း ယုံကြည်မှု ရှိပါတယ်

နည်းပြသစ် ဂူရာဒီယိုလာဟာ ဇွန် (၃၀)ရက်နေ့မှာ ဘာကာအသင်းကို စတင်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

သူဟာ ကစားသမား ဘ၀တုန်းက ဘာကာအသင်းနဲ့အတူ ၁၉၉၂ မှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါ အမှတ်ပေး ချန်ပီယံဆုတို့ကို (၆)ကြိမ်တိတိ ရရှိဖူးပါတယ်။


ဘာကာကနေ အထုတ်ခံလိုက်ရတဲ့ နည်းပြ ရစ်ကတ်