DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရီရဲလ်မက်ဒရစ်အသင်း ရာသီမသိမ်းခင် လာလီဂါ ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူး
အေအက်ဖ်ပီ - မေ ၆၊ ၂၀၀၈

ရီရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့က အိုဆာဆူနာကို (၂ - ၁)နဲ့ အနိုင်ရပြီး လာလီဂါ ချန်ပီယံဆုကြီးကို (၃၁)ကြိမ်မြောက် ဆွတ်ခူးသွားပြီ ဖြစ်ပါတယ်။

ဒုတိယပိုင်း (၈၃)မိနစ်မှာ အိုဆာဆူနာက ဂိုးသွင်းပြီး ဦးဆောင်နေချိန်မှာ ရီရဲလ်က ပွဲပြီးဖို့ (၃)မိ နစ်အလိုမှာ ရော်ဘင်နဲ့ ဟီဂေရီရန်တို့ သွင်းတဲ့ဂိုးတွေနဲ့ အနိုင်ရ သွားပါတယ်။

ရီရဲလ်ဟာ ဒီပွဲမှာ နောက်ခံလူ ကန်နာဗာရို အထုတ်ခံရလို့ ဒုတိယပိုင်း တစ်ပိုင်းလုံးကို (၁၀) ယောက်တည်းနဲ့ ကစားသွားပါတယ်။

နည်းပြ ဘန်ရှုးစတားက “ကျနော်တို့က တန်ဖိုးရှိတဲ့ ချန်ပီယံအသင်းပါ။ ဒီချန်ပီယံဆုက ကျ နော်တို့နဲ့ အပြည့်အ၀ ထိုက်တန်ပါတယ်” လို့ ပြောပါတယ်။

ရီရဲလ်ပရိတ်သတ်တွေဟာ စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မှာ သူတို့အသင်း ချန်ပီယံဖြစ်သွား လို့ ညလုံးပေါက် အောင်ပွဲခံ ခဲ့ပါတယ်။

အခုရတဲ့ ချန်ပီယံဆုဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဖာဘီယို ကာပယ်လို အထုတ်ခံရပြီးနောက် လူစားဝင်လာတဲ့ နည်းပြသစ် ဘန်ရှုးစတားအတွက် ပထမဆုံး ဆုဖလား ဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယားမှာ ဗီလာရီရဲလ်က ဒုတိယနေရာမှာ ရှိနေပြီး ရီရဲလ်ပြိုင်ဖက်ကြီး ဘာစီလိုနာကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။


ရီရဲလ်ကစားသမားတွေ မြို့တွင်းကို လှည့်လည် အောင်ပွဲခံနေစဉ်