DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
အင်တာမီလန်မှာ ကစားသမားဘ၀ကို အဆုံးသတ်ဖို့ ပြင်သစ် လက်ရွေးစင် ဗီအဲရာ ရည်ရွယ်
အေအက်ဖ်ပီ - မေ ၁၊ ၂၀၀၈

ကွင်းလယ်သမား ပက်ထရစ် ဗီအဲရာက ကစားသမားဘ၀ကို အင်တာမီလန်မှာပဲ အဆုံးသတ်ဖို့ ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပါတယ်။

ဗီအဲရာဟာ ဒီရာသီအတွင်းမှာ ဒဏ်ရာပြဿနာနဲ့ ကြုံတွေနေရလို့ ရုန်းကန်နေ့ရပြီး လာမယ့် အေစီမီလန်နဲ့ပွဲမှာ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန် နေပါတယ်။

အသက် (၃၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင်ဟာ ၂၀၀၆မှာ ဂျုဗင်တပ်အသင်း အတန်းဆင်း သွားရပြီးနောက် အင်တာမီလန်ကို ပြောင်းရွေ့ ခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်က “ဒီမှာပဲ ကျနော့်ဘ၀ကို အဆုံးသတ်ချင်ပါတယ်။ ကျနော်တို့ အသင်းရဲ့ နည်းစနစ် အဆင့်အတန်းအရ ချန်ပီယံဆုကို နောက်နှစ်တွေမှာ ဆက်ပြီး ယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်” လို့ ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “ကျနော်က ဖိအားတွေနဲ့ နေရတာကို ပျော်ပါတယ်။ ဒီဖိအားတွေ အတွက် ကျနော် ရှင်သန် နေတာပါ” လို့ ပြောပါတယ်။

သူဟာ ၂၀၀၆မှာ အသင်းဟောင်း အာစင်နယ်ကနေ ဂျုဗင်တပ်ကို ပေါင် (၁၃.၇)သန်းနဲ့ ပြောင်းရွေ့ခဲ့ပြီး ပြင်သစ်အသင်းအတွက် ပွဲပေါင်း (၁၀၅)ပွဲနဲ့ (၆)ဂိုး သွင်းပေး ထားပါတယ်။


ပက်ထရစ် ဗီအဲရာ