မန်ချက်စတာစီးတီးက သူ့ရဲ့နည်းပြ ဆဲဗင်ဂိုရမ် အဲရစ်ဆင်က အသင်းကနေ ထွက်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ပိုင်ရှင် သက်ဆင်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်အပြီးမှာ စကားပြောပွဲက လှိုက်လှိုက်လှဲလှဲရှိကြောင်း ဖော်ပြခဲ့ပါတယ်။
သတင်းစာတွေကတော့ အဲရစ်ဆင်အနေနဲ့ လာမယ့် ရာသီမှာ မန်စီးတီးအသင်းကို နည်းပြ အဖြစ်နဲ့ တွေ့မြင်ရမှာ မဟုတ်တော့ဘူးလို့ ရေးသားကြပါတယ်။
အဲရစ်ဆင် အေဂျင်းဖြစ်သူက “သူ့အလုပ်ကို သူ အောင်မြင်အောင် လုပ်နိုင်ခဲ့လို့ အသင်းကနေ ထွက်သွားစရာ ဘာအကြောင်းမှ မရှိပါဘူး” လို့ ပြောပါတယ်။
စီးတီးအသင်းကလည်း အဲရစ်ဆင်အနေနဲ့ အသင်းကနေ ထွက်သွားဖို့ အစီအစဉ် မရှိကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။
နောက်ခံလူ မိုက်ကယ် ဘောကတော့ ကစားသမားတွေ အားလုံးက အဲရစ်ဆင်ရဲ့ နောက်မှာ ရာနူန်းပြည့် ထောက်ခံမှု ပေးထားကြောင်း ပြောပါတယ်။
မိုက်ကယ်ဘောက “ကျနော်တို့ သူ့ရဲ့ လေ့ကျင့်ရေးကွင်းက နည်းလမ်းတွေကို ကြိုက်ကြ ပါတယ်။ နောက်ပြီး သူ့ရဲ့ နည်းစနစ်တွေကိုလည်း သဘောကျပါတယ်။ အသင်းက ဆက်ပြီး နောက်တဆင့် တက်ချင်ရင် ကစားသမားသစ် ထပ်ဝယ်ဖို့ပဲ လိုပါတယ်” လို့ ပြောပါတယ်။
|