ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖွဲ့ (PFA) က ပေးအပ်တဲ့ တစ်နှစ်တာအတွက် အကောင်းဆုံး ကစားသမားဆုကို မန်ယူတောင်ပံသမား စီရော်နယ်ဒိုက ဆွတ်ခူး သွားပါတယ်။
ဒီရာသီအတွင်း ပြိုင်ပွဲအားလုံးကနေ ဂိုးပေါင်း (၃၈)ဂိုး သွင်းယူထားတဲ့ အသက် (၂၃)နှစ် အ ရွယ် ရော်နယ်ဒိုဟာ ဒီဆုကို ပြီးခဲ့တဲ့နှစ်တုန်းကလည်း ရရှိခဲ့ပြီး အခုအကြိမ်နဲ့ပါဆို (၂)နှစ် ဆက်တိုက် ရရှိခြင်း ဖြစ်ပါတယ်။
“ကျနော် ဒီဆုရလို့ အရမ်းပျော်ပါတယ်။ အခုအချိန် ရတာက တကယ့် အချိန်ကိုက်ပါပဲ။ ဒါဟာ ကျေနပ်စရာကောင်းတဲ့ ဂုဏ်ပြုမှု တစ်ခုပါ” လို့ ပေါ်တူဂီတောင်ပံသမားက ပြောပါတယ်။
ယင်းဆုကို ကစားသမားများကိုယ်တိုင်က ဆန္ဒမဲပေးပြီး ရွေးချယ်ပြီးမှ (PFA)က ချီးမြှင့်ခြင်း ဖြစ်ပါတယ်။
အာစင်နယ် ကွင်းလယ်ဖန်တီးရှင် ဖာဘရီဂတ်စ်က တစ်နှစ်တာအတွက် အကောင်းဆုံး လူငယ် ဆုကို ရရှိသွားပါတယ်။
ရော်နယ်ဒိုက လီဗာပူးက ဖာနန်ဒို တော်ရက်စ်၊ စတီဗင် ဂျရတ်၊ အာစင်နယ်က ဖာဘရီဂတ်စ်နဲ့ တိုက်စစ်မှူး အဒီဘေရာ၊ ပို့စ်မောက် ဒေးဗစ်ဂျိမ်းစ်တို့ကို ဖြတ်ကျော်ပြီးမှ ဆုရခြင်း ဖြစ်ပါတယ်။
ဆုပေးပွဲ အခမ်းအနားကိုတော့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲအတွက် ကြိုတင်ပြင်ဆင်နေ တဲ့အတွက် ရော်နယ်ဒိုကိုယ်တိုင် တက်ရောက်ယူနိုင်ခြင်း မရှိပါဘူး။
“ဒီဆုက ကျနော့် တစ်ယောက်တည်းကို ပေးတဲ့ ဆုလို့ မထင်ပါဘူး။ အသင်းဖော်တွေက အကူ အညီကြောင့် ရတာပါ။ သူတို့က ကျနော် ဂိုးသွင်းနိုင်အောင် အများကြီး ဖန်တီးပေး ပါတယ်” လို့ ရော်နယ်ဒိုက ထပ်ပြောပါတယ်။
|

PFA အကောင်းဆုံးဆုနဲ့အတူ ရော်နယ်ဒို
|