အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ)က မန်ယူကစားသမားတွေနဲ့ ချဲလ်ဆီး ၀န်ထမ်းတွေ အကြားမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲနဲ့ ပက်သက်လို့ စုံစမ်း ဖြေရှင်းနိုင်ဖို့ လုံခြုံရေး ကင်မရာတွေရဲ့ အကူအညီကို တောင်းခံထားပါတယ်။
မန်ယူက ချဲလ်ဆီးကို စတန်းဖို့ဘရစ်ခ်ျမှာ (၂ - ၁)နဲ့ ရှုံးတဲ့ ပွဲအပြီးမှာ ချဲလ်ဆီးဝန်ထမ်းတွေက ၀န်ထမ်းတွေကြည့်တဲ့ ပွဲကြည့်စင် နေရာကနေ ဖယ်ခိုင်းရာကနေ မန်ယူ ကစားသမား တွေဖြစ် တဲ့ ပက်ထရစ် အီဗရာ၊ ဂယ်ရီ နဗီးလ်၊ ပတ်ခ်ဂျီဆန်နဲ့ ပေါစခိုးလ်တို့ ဟာ ရန်ပွဲ စတင်ခြင်း ဖြစ်ပါတယ်။
သတင်းတွေအရ ရန်ပွဲက အီဗရာကို ချဲလ်ဆီးဝန်ထမ်းတွေက လူမျိုးရေး ခွဲခြားမှုတွေ ပြုလုပ်ရာ ကနေ စတင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အက်ဖ်ပြောခွင့်ရ ပုဂ္ဂိုလ်က “ကျနော်တို့ ချဲလ်ဆီးရဲ့ လုံခြုံရေး ကင်မရာက မှတ်တမ်းတွေကို ကြည့်ရှုဖို့ တောင်းခံထားပါတယ်။ အဲဒီမှာ ဒိုင်ရဲ့ သတင်းပေးချက်တွေ ဘာမှ ရှိမှာ မဟုတ် ပါ ဘူး” လို့ ပြောပါတယ်။
ပြောခွင့်ရပုဂ္ဂိုလ်က “ရနိုင်သမျှ အချက်အလက်တွေကို စုဆောင်းနေပါတယ်” လို့ ပြောပါတယ်။
နှစ်သင်းစလုံးကလည်း ဆုံးဖြတ်ချက် တစုံတရာ ချဖို့အတွက် အရင်ဆုံး ဗွီဒီယိုကင်မရာ မှတ် တမ်းတွေကို ကြည့်ဖို့ ပြောဆိုကြပါတယ်။
မန်ယူကစားသမားတွေကတော့ ချဲလ်ဆီး ၀န်ထမ်းတွေက ရန်ပွဲစတင်ဖို့အတွက် အရင်ဆုံး ရန်ဆွပေးတာ ဖြစ်တယ်လို့ စွပ်စွဲပါတယ်။
|

ချဲလ်ဆီး ၀န်ထမ်း (၀ဲ)တွေနဲ့ မန်ယူကစားသမား အီဗရာတို့အွကြား လုံးထွေး ထိုးကြိတ်နေစဉ်
|