လက်ကျန် ၃ ပွဲပဲ ကျန်တော့ပေမယ့် တန်းဆင်းတစ်နေရာကလွဲရင် ဘာမှအပြတ်ပြောလို့ မရသေးလို့ ဒီနှစ်ပရီးမီးယားလိဂ်ဟာ ပရိသတ်တွေအတွက် စွဲဆောင်မှုအပြည့်ရှိနေသေးတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဒီတစ်ပတ်မှာ ဖလားလုဘက် မန်ယူနဲ့ချယ်လ်ဆီးတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ထိပ်တိုက်တွေ့မယ့် ပွဲကြီးပွဲကောင်း ရှိနေလို့ ချန်ပီယံ အဖြေတော့ ထွက်လာနိုင်တယ်။ တန်းဆင်းဇုန်နားက အသင်းတွေရဲ့ ရုန်းအားကြောင့်လည်း ပွဲတိုင်းဟာ တစ်မျိုးစီ အကြိတ်အနယ်ရှိ လာနိုင်သလို မထင်မှတ်တဲ့ရလဒ်တချို့လည်း ထွက်လာလိမ့်မယ်လို့ ကြိုတွေးထားရမယ်။

ပရီးမီးယားလိဂ် အမှတ်တံဆိပ်
ချယ်လ်ဆီး - မန်ယူ
ပ-ကျော့ မန်ယူ 2 - 0 ချယ်လ်ဆီး
ဒီနှစ် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲဖြစ်လို့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမယ့်ပွဲပဲ။ မန်ယူနဲ့ ၃ မှတ်သာ ကွာနေတဲ့ ချယ်လ်ဆီးအနေနဲ့ သူတို့ကွင်းမှာ ပရီးမီးယားလိဂ် ၇၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမယ့်အပြင် ဒီပွဲနိုင်မှ ချန်ပီယံမျှော်လင့် ချက်ပိုရှိမှာဆိုတော့ ဂရန့်တို့အုပ်စု အကောင်းဆုံး ပြင်ဆင်ပြီး မန်ယူကို ရင်ဆိုင်လိမ့်မယ်။ ဒါ ကြောင့် ဖာဂူဆန်တို့အဖွဲ့အနေနဲ့ တစ်ချက်မှားတာနဲ့ ရှုံးပွဲတွေ့သွားနိုင်တယ်။
မော်ရင်ညိုလက် ထက်တုန်းကတော့ ချယ်လ်ဆီးကို မန်ယူအသာရခဲ့တာ သိပ်မရှိပေမယ့် ဂရန့်လက်ထက်မှာတော့ မန်ယူကပဲ အသာစီးရထားတာ များတယ်။ မန်ယူအနေနဲ့လည်း ဒီပွဲနိုင်ရင် ချန်ပီယံအောင်ပွဲခံလို့ရပြီ ဆိုတော့ သေချာ ပြင်ဆင်ကစားလိမ့်မယ်။ ဘာစီလိုနာနဲ့ ဆီမီးပထမအကျော့တုန်းက ခြေစွမ်းနဲ့ကစားပုံ ဝေဖန်ခံခဲ့ရတဲ့ ဖာဂူဆန် တို့အဖွဲ့ဟာ ဒီပွဲကို အနိုင်ရအောင်ကစားပြီး သူတို့ ဘယ်လိုအသင်းလဲဆိုတာ အကောင်းဆုံး သက်သေပြသွားမယ်လို့ ကြုံးဝါးထားတဲ့ ဂရန့်တို့အဖွဲ့ အတွက်လည်း အကြီးအကျယ် ခက်ခဲမယ့်ပွဲပါပဲ။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ချယ်လ်ဆီး ၁၀% ကြေးရှုံးမယ်
ဝီလျံဟေးလ် - သိပ်မကွာပါ
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - သရေပဲ ကျသင့်ပါတယ်
ဘာမင်ဂမ် - လီဗာပူး
ပ-ကျော့ လီဗာပူး 0 – 0 ဘာမင်ဂမ်
လီဗာပူး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာရုံသိပ်စားစရာ မရှိတော့ဘဲ လာမယ့်ဗုဒ္ဓဟူနေ့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ဆက်ကစားဖို့ ရှိနေတာက တန်းဆင်းဇုန်က ရုန်းထွက်မယ့် ဘာမင်ဂမ်အတွက် ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လီဗာပူးသာ နိုင်လိုစိတ်ရှိရင် အရန်လူတွေနဲ့ ကစားလည်း ဘာမင်ဂမ်အတွက် အခွင့်အရေးနည်း ပါတယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်အောင် လီဗာပူးကြေးမရနိုင်သေး
ဝီလျံဟေးလ် - လီဗာပူးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1 သို့မဟုတ် 1 - 2
ရန်ကုန်ဂျာနယ်များ - ဘာမင်ဂမ်ကို အားပေးတာများ
စာရေးသူအမြင် - အခြေအနေအရ ဘာမင်ဂမ်ကိုပဲ အားပေးသင့်တယ်
မန်စီးတီး - ဖူလ်ဟမ်
ပ-ကျော့ ဖူလ်ဟမ် 3 - 3 မန်စီးတီး
ဖိအားတွေရှိနေတဲ့ အဲရစ်ဆင်ဟာ သူ့ကွင်းမှာ ဖူလ်ဟမ်လိုအသင်းမျိုးကို အရှုံးခံမှာ မဟုတ်ပေမယ့် တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်ရဲ့ ရုန်းအားကြောင့် မန်စီးတီး အခက်တွေ့နိုင် တယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် မန်စီးတီး ကြေးမရနိုင်သေး
ဝီလျံဟေးလ် - မန်စီးတီးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - မန်စီးတီးကို အနိုင်ပေးထား
စာရေးသူအမြင် - မန်စီးတီး အနိမ့်ဆုံး သရေပါပဲ
ဆန်းဒါးလန်း - မစ်ဒယ်ဘရော့
ပ-ကျော့ရလဒ် မစ်ဒယ်ဘရော့ 2 – 2 ဆန်းဒါးလန်း
တန်းဆင်းဇုန်နားမှာ ရှိနေတဲ့ နှစ်သင်း ထိပ်တိုက်တွေ့မယ့်ပွဲဖြစ်လို့ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းလိမ့်မယ်။ အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကိုတောင် စိတ်ဓာတ်ကောင်း ကောင်းနဲ့ ခံကစားတတ်တဲ့ ဆန်းဒါးလန်းကို မစ်ဒယ်ဘရော့အသာရဖို့ လူစုံထုတ်မှ ရလိမ့်မယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ဆန်းဒါးလန်း 60% ကြေးရှုံးမယ်
ဝီလျံဟေးလ် - ဆန်းဒါးလန်းကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - ဆန်းဒါးလန်းကို အားပေးတာများ
စာရေးသူအမြင် - သရေကျသွားမယ်ထင်တယ်
ဝက်စ်ဟမ်း - နယူးကာဆယ်
ပ-ကျော့ရလဒ် နယူးကာဆယ် 3 - 1 ၀က်စ်ဟမ်း
ဝက်စ်ဟမ်းဟာ အပေါ်မရောက်အောက်မရောက်ဖြစ်နေလို့ နောက်ပိုင်းပွဲတွေမှာ သိပ်အားမထည့်တော့တဲ့အပြင် နယူးကာဆယ်ကတော့ ဂုဏ်သိက္ခာအတွက် လက်ကျန်ပွဲစဉ် တွေကို အနိုင်ရအောင် တင်ကစားနေတယ်။ အိုဝင်ကလည်း ဂိုးသွင်းခြေပြန်ရလာလို့ အိမ်ရှင် အခွင့်အရေးနည်းတဲ့ပွဲပဲ။ ဒါပေမယ့် ၀က်စ်ဟမ်းကွင်းမှာ နယူးကာဆယ်ရလဒ်သိပ်မကောင်း တတ်တာကိုတော့ သတိထားရမယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် နယူးကာဆယ် ကြေးရှုံးမယ်
ဝီလျံဟေးလ် - နယူးကာဆယ်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 2
ရန်ကုန်ဂျာနယ်များ - နယူးကာဆယ်ကိုပိုကြိုက်ကြ
စာရေးသူအမြင် - နယူးကာဆယ် အနိမ့်ဆုံးသရေကျမယ်ထင်
စပါး - ဘော်လ်တန်
ပ-ကျော့ရလဒ် ဘော်လ်တန် 1 – 1 စပါး
စပါး အတွက် အမှတ်မလိုတော့ပေမယ့် ဘော်လ်တန်အတွက်တော့ ဒီပွဲနိုင်ရင် တန်း ဆင်း ဇုန်အန္တရာယ်နဲ့ ပိုလွတ်နိုင်မှာဆိုတော့ ခြေကုန်ထုတ်ကစားလိမ့်မယ်။ တစ်ခုရှိတာက ရာမို့စ်တို့ ဂုဏ်သိက္ခာအတွက် သူ့ကွင်းမှာတော့ အရှုံးခံမယ် မထင်ဘူး။ ဒါကြောင့် ဘော်လ်တန် အကောင်းဆုံးခြေဆက်ရမှာပါ အမှတ်ရဖို့ မျှော်လင့်ချက်ရှိနိုင်မယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် စပါး 80%ကြေးရှုံးမယ်
ဝီလျံဟေးလ် - စပါးကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - စပါးကပ်နိုင်မယ်ထင်တယ်။
ဝီဂန် - ရက်ဒင်း
ပ-ကျော့ရလဒ် ရက်ဒင်း 2 – 1 ၀ီဂန်
ရက်ဒင်းအနေနဲ့ တန်းဆင်းဇုန်နား သိပ်ကပ်နေလို့ ဒီပွဲကို အသေအလဲကြိုးစားလိမ့်မယ်။ ဒါပေမယ့် ၀ီဂန်ရဲ့ ခြေစွမ်းက လည်းတက်နေတော့ အဝေးကွင်းရလဒ်ညံ့တဲ့ ရက်ဒင်းအတွက် သိပ်ခက်ခဲမယ့်ပွဲပဲ။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် ၀ီဂန် 20%ကြေးရှုံးမယ်
ဝီလျံဟေးလ် - သိပ်မကွာပါ
အင်တာနက်ခန့်မှန်း - 1 – 1
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - အခြေအနေရ ရက်ဒင်းကို အားပေးသင့်တယ်
ပို့စ်မောက် - ဘလက်ဘန်း
ပ-ကျော့ရလဒ် ဘလက်ဘန်း 0 - 1 ပို့စ်မောက်
ယူအီးအက်ဖ်အေ၀င်ခွင့်အတွက် ပို့စ်မောက် အားထည့်ကစားမှာ သေချာပေမယ့် ဘ လက်ဘန်းရဲ့ခြေကလည်း ခြေတွေ့ရင် အသင်းတိုင်းကို အခက်တွေ့စေနိုင်လို့ ပို့စ်မောက်ကွင်း မှာဖြစ်ပေမယ့် အိမ်ရှင် အလွယ်တကူ အသာစီး မရနိုင်ဘူး။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - တစ်ဂိုးနဲ့နိုင်ရင်တောင် ပို့စ်မောက် 70% ကြေးရမယ်
ဝီလျံဟေးလ် - ပို့စ်မောက်ကို အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1
ရန်ကုန်ဂျာနယ်များ - ပို့စ်မောက်ကို နည်းနည်းပိုကြိုက်ကြ
စာရေးသူအမြင် - ပို့စ်မောက်အနိမ့်ဆုံး သရေပါပဲ
အဲဗာတန် - ဗီလာ
ပ-ကျော့ရလဒ် ဗီလာ 2 – 0 အဲဗာတန်
တိုက်စစ်စွမ်းရည်အကောင်းဆုံးပြနေတဲ့ ဗီလာကို အဲဗာတန် ခက်ခက်ခဲခဲကစားရလိမ့် မယ်။ အထူးသဖြင့် နောက်ဆုံး ၃ ပွဲမှာ 15 ဂိုးအထိသွင်းထားတဲ့ ဗီလာရဲ့တိုက်စစ်ကို အဲဗာတန် ခံစစ်တော်တော်သတိထားရမယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ အိမ်ကွင်းရလဒ်ကလည်း တော်တော်ကောင်းလို့ ဗီလာ အလွယ်တကူတော့ အသာစီးမရနိုင်ဘူး။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - သရေကျရင် အဲဗာတန် 50% ကြေးရှုံးမယ်
ဝီလျံဟေးလ် - အဲဗာတန်ကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 2
ရန်ကုန်ဂျာနယ်များ - သရေမှန်းတာများ
စာရေးသူအမြင် - အခြေအနေရ ဗီလာကိုပဲ အားပေးသင့်တယ်။
ဒါဘီ - အာဆင်နယ်
ပ-ကျော့ရလဒ် အာဆင်နယ် 5 – 0 ဒါဘီ
ဂုဏ်သိက္ခာအတွက် ပွဲတိုင်း ညှစ်ကစားမယ့် အာဆင်နယ်ကို တန်းဆင်းရတော့မယ့် ဒါဘီကလည်း သူတို့ဂုဏ် သိက္ခာအတွက် အိမ်ကွင်းမှာ ခံကစားမှာ သေချာတယ်။ နိုင်ခြေမြင့် နေတဲ့အာဆင်နယ် ဒီပွဲမှာ အရန်လူ အများစု ထုတ်သုံးလာနိုင်တာကိုတော့ ထည့်စဉ်းစားထားဖို့ လိုလိမ့်မယ်။
ပွဲရလဒ်ခန့်မှန်းချက်
Asian Bookie - အာဆင်နယ် နှစ်ဂိုးနဲ့နိုင်ရင် 80% ကြေးရမယ်
ဝီလျံဟေးလ် - အာဆင်နယ်ကို အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 0 – 2
ရန်ကုန်ဂျာနယ်များ - အာဆင်နယ် သေချာပေါက် နိုင်မယ်လို့မှန်းထား
စာရေးသူအမြင် - အာဆင်နယ် တကယ်ကစားရင် နှစ်ဂိုးအထက်နိုင်မှာပါ။
|