အသင်းပိုင်ရှင် အေဗရာ မိုဘစ်ခ်ျက ချဲလ်ဆီးအသင်းအတွက်ဆိုရင် အရင်နည်းပြဟောင်း မော်ရင်ဟိုနဲ့ လက်ရှိ နည်းပြ အေဘရန် ဂရန့်တို့ထက် ပိုပြီး အရေးကြီးတယ်လို့ လီဗာပူးနည်းပြ ရာဖယ် ဘင်နီတတ်ဇ်က ယုံကြည် နေပါတယ်။
လီဗာပူးနည်းပြ ဘင်နီတတ်ဇ်ဟာ မနက်ဖြန်ညမှာ ချဲလ်ဆီးနဲ့ (၄)ရာသီအတွင်း (၃)ကြိမ်မြောက် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် အစွမ်းကုန် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
“ချဲလ်ဆီးရဲ့ အသက်က ပိုင်ရှင် အေဘရာမို ဗစ်ခ်ျရဲ့ လက်ထက်မှာ ရှိပါတယ်။ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ဂရန့်တို့ရဲ့ မတူတဲ့အချက်က သူတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို ကြည့်ရင် သိနိုင်ပါတယ်” လို့ ဘင်နီတတ်ဇ်က ပြောပါတယ်။
“ကျနော် သူတို့ အဲဗာတန်နဲ့ ကစားတဲ့ပွဲကို ကြည့်ဖြစ်ခဲ့ပါတယ်။ ကစားပုံက အရင်တုန်းက သူတို့ ကစားနေ ကျပုံပါပဲ။ သူတို့မှာ ပွဲတိုင်းကို ရင်ဆိုင်နိုင်တဲ့ လုံလောက်တဲ့ အရန်အင်အား တောင့်ပါတယ်။ ဒါကြောင့် ကျနော် တို့ သူတို့အသင်းကို သေချာ ဂရုစိုက်ပြီး ကစားရပါမယ်”
ဂရန့်နဲ့ ဘင်နီတတ်ဇ်တို့ နှစ်ယောက်စလုံးဟာ ဒီနှစ်ရာသီကို ဖလားလက်မဲ့ မဖြစ်ရအောင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အစွမ်းကုန် အားစိုက်ကြမှာဖြစ်လို့ ပရိတ်သတ်အကြိုက် ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်လာဖို့ ရှိနေပါတယ်။
မီဒီယာတွေကတော့ ဘင်နီတတ်ဇ်က ချန်ပီယံလိဂ်မှာ ဂရန့်ထက် အတွေ့အကြုံများပြီး နည်းဗျုဟာ ကြွယ် ၀တယ်လို့ သုံးသပ်ကြပါတယ်။
|