DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
နယူးကာဆယ်ကို ဥရောပအဆင့် ရောက်စေချင်တဲ့ မာတင်စ်က အာစင်နယ်ကို ငြင်းပယ်
သည်ဆန်း - ဧပြီ ၁၁၊ ၂၀၀၈

နယူးကာဆယ်ကို ဥရောပအဆင့်မှာ ပြန်လည်အောင်မြင်စေချင်လို့ အာစင်နယ်ရဲ့ ပေါင် (၁၅) သန်းနဲ့ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တာဖြစ်တယ်လို့ တိုက်စစ်မှူး မာတင်စ်က ထုတ်ဖော် ပါတယ်။

မန်ယူနိုက်တက်နဲ့ အေစီမီလန်တို့ကလည်း နယူးကာဆယ်နဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန် နေသေးပြီး တစ်ပတ်ကို လုပ်ခလစာ ပေါင် (၆၀,၀၀၀) ရနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး မာ တင်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။

အသက် (၂၃)နှစ်အရွယ် မာတင်စ်ဟာ နယူးကာဆယ်ရဲ့ စိန့်ဂျိမ်းပတ်ခ်ကို ပေါင် (၁၀)သန်းနဲ့ ၂၀၀၆မှာ အင်တာမီလန်ကနေ ရောက်ရှိ လာပါတယ်။

နည်းပြဟောင်း ဆမ်အလာဒိုက်စ် အသင်းကနေ ထွက်သွားတဲ့အချိန်မှာ မာတင်စ်ဟာ အသင်း ပြောင်းဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ဆုံးမှာ နယူးကာဆယ်ကို ဥရောပအဆင့်မှာ ၀င်ခွင့်ရအောင် ကူညီဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်စစ်မှူးရဲ့ အကြံပေးက “ထိပ်တန်းအသင်းတော်တော်များများက သူ့ကို ချဉ်းကပ်လာ တာတွေ ရှိပါတယ်။ သူက ဘယ်အသင်းကိုမှ စိတ်မ၀င်စားပါဘူး။ ဒီကနေ အသင်းပြောင်းဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး” လို့ ရှင်းပါတယ်။

မာတင်စ်ဟာ ၂၀၀၆၊ ၂၀၀၇ ရာသီအတွင်းမှာ နယူးကာဆယ်အတွက် ဂိုးပေါင်း (၁၇)ဂိုး သွင်း ပေးထားပြီး နို်င်ဂျီးရီးယား လက်ရွေးစင်အသင်းအတွက် (၂၁)ပွဲမှာ (၁၃)ဂိုး သွင်းပေးထား ပါတယ်။


နယူးကာဆယ်တိုက်စစ်မှူး မာတင်စ်