DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ချန်ပီယံမျှော်လင့်ချက်ရှိသေးတဲ့ မန်ယူနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့် ပရီးမီးယားလိဂ်ပွဲစဉ်-၃၄ ခန့်မှန်းချက်
ဒီဗွီဘီ - ဧပြီ ၁၂၊ ၂၀၀၈

လက်ရှိ ပရီးမီယားလိဂ် အမှတ်ပေးဇယားမှာ မန်ယူက(၇၇)မှတ်နဲ့ ထိပ်ဆုံးမှာ ဆက်ရှိနေသေးပေမယ့် ဒုတိယနေရာကချဲလ်ဆီးနဲ့ (၃)မှတ်ပဲ ကွာတော့လို့ မန်ယူအနေနဲ့ နောက်ထပ် သိပ်မှားလို့ မရတော့ ဘူး။ မန်ယူထက်(၆)မှတ် လျော့နေတဲ့ တတိယနေရာက အာဆင်နယ်ကလည်း သင်္ချာနည်းအရ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ချက် ခပ်ပါပါးလေးရှိနေသေးတော့ ဒီတစ်ခေါက် မန်ယူနဲ့အာဆင်နယ်တို့ ထိပ် တိုက်တွေ့မယ့်ပွဲဟာ ချန်ပီယံလမ်းကြောင်း အနေအထားကို အပြောင်းအလဲအနည်းငယ် ရှိသွား နိုင်တယ်။

ဒီပွဲနဲ့အတူ ချဲလ်ဆီး-၀ီဂန်၊ လီဗာပူး-ဘလက်ဘန်းတို့ရဲ့ ပွဲစဉ်တွေ အပါအ၀င် တန်းဆင်းဇုန်က အသင်းတွေရဲ့ ရုန်းအားတွေကိုလည်း စောင့်ကြည့်ရမှာဖြစ်လို့ ဒီတစ်ပတ်ပွဲစဉ် (၃၄)ကတော့ ပရိတ်သတ်ကို တစ်မျိုးတစ်ဖုံ ဖမ်းစားနေဦးမှာ သေချာတယ်။ ကျွန်တော်တို့ မြန်မာဘော လုံးပရိတ်သတ်တွေအတွက်လည်း ဒီတစ်ပတ်ပွဲစဉ်ဟာ နှစ်သစ်ကူး မဟာသင်္ကြန်ကာလနဲ့ တိုက်ဆိုင် နေလို့ ပူပြင်းတဲ့ရာသီမှာ အေးမြတဲ့ သင်္ကြန်ရေနဲ့အတူ ကျွန်တော်တို့ ပရိသတ် ဒီတစ်ပတ် ပရီးယားလိဂ်ပွဲစဉ်မှာ ပျော်ရွှင်မှုတွေ ခံစားရပါစေလို့ ကြိုတင် ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


ပရီးမီးယားလိဂ် အမှတ်တံဆိပ်

စပါး - မစ်ဒယ်ဘရော့

ပကျော့ မစ်ဒယ်ဘရော ၁ - ၁ စပါး

စပါးရဲ့နောက်ပိုင်းခြေစွမ်းဟာ အကျဘက်ကို ရောက်လာသလိုဘဲ၊ မစ်ဒယ်ဘရော့ကလည်း ချန်ပီ ယံမန်ယူကို ပြီးခဲ့တဲ့အပတ်မှာ ၂ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့လို့ စိတ်ဓာတ်တက်နေတယ်။ အထူး သဖြင့် ဒီဇန်န၀ါရီဈေးကွက်မှာ ခေါ်ခဲ့တဲ့ နယ်သာလန်လိဂ် ဂိုးသွင်းဘုရင် ဘရာဇီးတိုက်စစ်မှူး အဖွန်ဆိုအဲလ်ဗက်ဇ်လည်း ပုံမှန်ဂိုးသွင်းခြေ ပြန်ရလာလို့ ခံစစ်အားနည်းနေတဲ့ စပါးတော် တော်သတိထားရမယ်။ ဒါပေမယ့် ဖိအားတွေရှိနေတဲ့ ရာမို့စ်တို့အဖွဲ့ အခုအိမ်ကွင်းပွဲကို ရလဒ်ပြန် ကောင်းအောင် ကြိုးစားနိုင်တယ်။ ဒါကြောင့် ဧည့်သည် အသင်းအတွက်လည်း ခက်ခဲ့မယ်ပွဲပါပဲ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - စပါး ၁ဂိုးနဲ့ နိုင်ရင်တောင် ၅၀%ပဲရမယ်။
ဝီလျံဟေးလ် - စပါးအသင်းကိုပဲ အပေါ်ကြေးပေးတယ်။
အင်တာနက်ခန့်မှန်း - ၂ - ၁ (သို့) ၁-၁
ရန်ကုန်ဂျာနယ်များ - စပါးကို အနိုင်ပေးထားတာများ။
စာရေးသူအမြင် - စပါးပဲနိုင်သွားမယ်ထင်။

ဆန်းဒါးလန်း - မန်စီးတီး

ပကျော့ မန်စီးတီး ၁ - ၀ ဆန်းဒါးလန်း

နောက်ပိုင်းပွဲတွေမှာ "ညစ်”ကစားပြီးရလဒ်ကောင်းတွေလည်း ဆက်တိုက်ရတဲ့ ဆန်းဒါးလန်း စိတ် ဓာတ်တက်ကြွနေလို့ ခြေပျက်နေတဲ့ မန်စီးတီး အခက်တွေ့နိုင်တယ်။ မန်စီးတီးရဲ့ အဝေးကွင်း ရလဒ်ကလည်း သိပ်မကောင်းလို့ ရွိုင်ကိန်းတို့အဖွဲ့ အခွင့်အရေး ထပ်ရနိုင်တယ်။ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ဖိအားတွေဝင်လာတဲ့ အဲရစ်ဆင်တို့အဖွဲ့အနေနဲ့လည်း ဆန်းဒါး လန်းလို တန်းတက်အသင်းနဲ့ ပွဲမှာတော့ သိက္ခာပြန်ဆယ်နိုင်အောင် ကြိုးစားနိုင်လို့ ဆန်းဒါးလန်းလည်း ပေါ့ဆလို့ မရလောက်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဆန်းဒါးလန်း ၂၅% ကြေးရှုံးမယ်။
ဝီလျံဟေးလ် - ဆန်းဒါးလန်းအသင်းကိုပဲ အပေါ်ကြေး ခပ်ပါးပါးလေးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၁
ရန်ကုန်ဂျာနယ်များ - ဆန်းဒါးလန်းကို ပိုကြိုက်ကြ။
စာရေးသူအမြင် - မန်စီးတီးတို့ အရဲစွန့်အားပေးချင်။

ရီဒင်း - ဖူလ်ဟမ်

ပကျော့ ဖူလ်ဟမ် ၃ - ၁ ရီဒင်း

တန်းဆင်းဇုန်ထဲက ၊ုန်းနေပေမယ့် ဖူလ်ဟမ်ရဲ့ ခြေကအားရစရာရှိမလာသေးဘူး၊ ရီဒင်းရဲ့ အိမ်ကွင်းကစားအားကလည်း မာကျောလို့ ဖူလ်ဟမ်အတွက် ပွဲကျပ်နိုင်တယ်။ ရီဒင်းသာ မပေါ့ဆရင် ဖူလ်ဟမ်လို ဒီရာသီ အဝေးကွင်း နိုင်ပွဲလုံးဝမရှိသေးတဲ့အသင်းမျိုးကို နိုင်ဖို့ မခက်လောက်ဘူး၊ ဖူလ်ဟမ်ရဲ့ ဖိအားတွေ အောက်က၊ုန်းအားကိုတော့ သတိထားဖို့ လိုပါတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ရီဒင်း ကြေးရှုံးမယ်။
ဝီလျံဟေးလ် - ရီဒင်းကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - ရီဒင်းကို ပိုကြိုက်ကြတာများ။
စာရေးသူအမြင် - ဖူလ်ဟမ်ကို အရဲစွန့်အားပေးချင်။

ဒါဘီ - ဗီလာ

ပကျော့ ဗီလာ ၂ - ၀ ဒါဘီ

တန်းဆင်းဖို့ သေချာနေတဲ့ ဒါဘီရဲ့ ရုန်းအားက ဗီလာကိုဘယ်လောက် အနှောက်အယှက် ပေးနိုင်သလဲဆိုရင် စောင့်ကြည့်ရမယ်။ UEFA ၀င်ခွင့်နေရာအတွက် ဗီလာ တကယ် တင်ကစားရင် တော့ ဒါဘီအနေနဲ့ အိမ်ကွင်းမှာဖြစ်ပေမယ့် အသာစီးရလို့ မလွယ်ပါဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ဗီလာ ၁ ဂိုးနဲ့နိုင်ရင် ၁၀% ပဲကြေးရမယ်။
ဝီလျံဟေးလ် - ဗီလာကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၂
ရန်ကုန်ဂျာနယ်များ - ဗီလာကိုပဲ ပိုကြိုက်ကြတာများ။
စာရေးသူအမြင် - ဗီလာကပ်နိုင်မယ်ထင်။

ဘော်လ်တန်-၀က်စ်ဟမ်း

ပကျော့ ၀က်စ်ဟမ်း ၁ - ၁ ဘော်လ်တန်

လက်ကျန်ပွဲအားလုံးနိုင်အောင် ကစားနိုင်မှသာ တန်းဆင်းဇုန်ကလွတ်ဖို့ မျှော်လင့်ချက်ရှိတဲ့ ဘော်လ်တန်အနေနဲ့ ဒီပွဲကိုအသေအလဲ ကစားပါလိမ့်မယ်။ တစ်ခုရှိတာက ၀က်စ်ဟမ်း ခြေသိပ် မမှန်ပေမယ့် ကစားသမားကောင်းတစ်ချို့ရှိနေတာက ဘော်လ်တန်အတွက် အခက်ကြုံနိုင်တဲ့ အချက်ပါ။ ဒါပေမယ့် ဘော်လ်တန်ရဲ့ ရီဘော့ခ်ကွင်းမှာ ၀က်စ်ဟမ်းရလဒ်သိပ်မကောင်းတတ်တဲ့ အစဉ် အလာရှိနေတာ နဲ့ ၀က်စ်ဟမ်းအမှတ်သိပ်မလိုတော့တကာက ဘော်လ်တန် အခွင့်အရေး ဖြစ် လာနိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဘော်လ်တန် ၃၀% ကြေးရှုံးမယ်။
ဝီလျံဟေးလ် - ဘော်လ်တန်ကိုပဲ အပေါ်ကြေး ခပ်ပါးပါးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၀ (သို့) ၂-၁
ရန်ကုန်ဂျာနယ်များ - ဘော်လ်တန်ကို ပိုကြိုက်ကြတာများ။
စာရေးသူအမြင် - ဘော်လ်တန်ကိုပဲ အားပေးသင့်။

ဘာမင်ဂမ် - အဲဗာတန်

ပကျော့ အဲဗာတန် ၃ - ၁ ဘာမင်ဂမ်

ဘာမင်ဂမ်ခြေသိပ်မညံ့ပေမယ့် ခုနောက်ပိုင်း ရလဒ် သိပ်မကောင်းခဲ့တာကြောင့် တန်းဆင်း ဇုန်နား ပြန်ကပ်လာပါပြီ။ ဒါကြောင့် အသေအ လဲရုန်းကန်ကစားမယ့် ဘာမင်ဂမ်ကို အဝေးကွင်းမှာ အဲဗာတန် ခက်ခက်ခဲခဲ ကစားရနိုင်တယ်။ ဒါပေမယ့် အဲဗာတန်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့် ချက်ရှိနေသေးတော့ ဒီပွဲကို သေချာပြင်ဆင်ကစားမှာသေချာလို့ အိမ်ရှင်အတွက်လည်း ပွဲကျပ် ဖြစ်လာ မှာပါဘဲ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် အဲဗာတန် ၆၀% ကြေးရှုံးမယ်။
ဝီလျံဟေးလ် - အဲဗာတန်ကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၁ (သို့) ၁ - ၂
ရန်ကုန်ဂျာနယ်များ - အဲဗာတန်ကို ပိုကြိုက်တာများ။
စာရေးသူအမြင် - အခြေအနေအရ ဘာမင်ဂမ်ကိုပဲ အားပေးသင့်။

ပို့စ်မောက် - နယူးကာဆယ်

ပကျော့ - နယူးကာဆယ် ၁ - ၄ ပို့စ်မောက်

နည်းပြကီးဂန်းအနေနဲ့ နယူးကာဆယ်ရဲ့ တိုက်စစ်ဗျူဟာပိုင်းကို အချိန်မီပြုပြင်ပြောင်းလဲနိုင်ခဲ့လို့ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့အတွက် အသင်းလိုက် စိတ်ဓာတ်နဲ့ ကစားအားလည်း တော် တော်တက်လာတယ်။ ဒါပေမယ့် ပို့စ်မောက်ဟာ သူ့ကွင်းမှာဆိုအသင်းကြီးတွေကို ခံကစားပြီး သိက၊ာပြန်ဆယ်တတ်တဲ့ အစဉ်အလာရှိတာကိုတော့ ထည့်စဉ်းစားရမယ်။ ဒါ့အပြင် အခုချိန်ထိ အိမ်ကွင်းမှာ ၂-ပွဲပဲရှုံးထားဖူးသေးတဲ့ ပို့စ်မောက်ရဲ့ အိမ်ကွင်းရလဒ်ကောင်းမွန်မှုကိုလည်း မလေးစားလို့ မရပါဘူး။ တစ်ခုတော့ရှိတယ်။ ပို့စ်မောက်အနေနဲ့ ကာဒစ်အသင်းနဲ့ FA ဖလားဗိုလ်လုပွဲပွဲဆက်ကစားဖို့ ရှိသေးတော့ ဒီပွဲမှာ လူစုံခြေကုန်ထုတ် မထုတ်မသေချာတဲ့ အချက်တော့ရှိတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ပို့စ်မောက် ၆၀% ကြေးရှုံးမယ်။
ဝီလျံဟေးလ် - ပို့စ်မောက်ကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၁
ရန်ကုန်ဂျာနယ်များ - နယူးကာဆယ်ကို နဲနဲပိုကြိုက်ကြ။
စာရေးသူအမြင် - သရေကျသွားမယ်ထင်တယ်။

ချဲလ်ဆီး - ၀ီဂန်

ပကျော့ ၀ီဂန် ၀ - ၂ ချဲလ်ဆီး

မန်ယူနဲ့ ၃မှတ်ပဲ ကွာတော့လို့ ချဲလ်ဆီးပွဲတိုင်းကို အနိုင်ရအောင် တင်ကစားနေချိန်ဖြစ်လို့ ၀ီဂန်အနေနဲ့ ပွဲချိန်ပြည့် တောင့်ခံနိုင်ဖို့ မသေချာဘူး။ မန်ယူနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့်အပတ်မှာ ချဲလ်ဆီးအမှတ်ပြည့်ယူမှာ သေချာလို့ ၀ီဂန်ခံစစ်ကစားပုံ ကောင်းမှသာ ချဲလ်ဆီးကို အခက်တွေ့ နိုင်လိမ့်မယ်။ တစ်ခုရှိတာက လာမယ့် ပွဲစဉ် ၃၅ အဲဗာတန်နဲ့ပွဲစဉ်ကို ရုပ်/သံထုတ်လွှင့်အစီအစဉ် အခက်အခဲကြောင့်ဆိုပြီး သက်ဆိုင်ရာက အခုလာမယ့် ဧပြီ(၁၇)ရက်ကို တိုးကစားစေမှာဆိုတော့ အခုဝီဂန်နဲ့ပွဲမှာ ချဲလ်ဆီးလူနည်းနည်း လျှိုကစားနိုင်မလား စဉ်းစားရမယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ချဲလ်ဆီး ၂ ဂိုးနဲ့နိုင်ရင်တောင် ၇၀% ပဲ ကြေးရမယ်။
ဝီလျံဟေးလ် - ချဲလ်ဆီးကိုပဲ အပေါ်ကြေးမြင့်မြင့်ပေးထား
အင်တာနက်ခန့်မှန်း - ၂ - ဝ
ရန်ကုန်ဂျာနယ်များ - ချဲလ်ဆီးကိုပဲ အနိုင်ပေးထား
စာရေးသူအမြင် - ချဲလ်ဆီးနိုင်မှာ သေချာပေးမယ့် ကြေးအရ ၀ီဂန်ကို အရဲစွန့်အားပေးသင့်

လီဗာပူးလ် - ဘလက်ဘန်း

ပကျော့ ဘလက်ဘန်း ၀ - ၀ လီဗာပူးလ်

ချန်ပီယံလိဂ် ကွာတား ဒုကျော့မှာ အာဆင်နယ်ကို ၄-၂နဲ့နိုင်ပြီး ဆီးမီးတက်သွားနိုင်လို့ စိတ်ဓာတ် တက်ကြွနေတဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာသာ အဆင့်- ၄နေရာ သေချာအောင် သေချာ တင်ကစားနိုင်လို့ ဘလက်ဘန်း သိပ်မချောင်လောက်ဘူး။ တစ်ခုရှိတာက အာဆင်နယ်လို မဟာပြိုင်ဘက် အသင်းကြီးမျိုးနဲ့ (၇)ရက်အတွင်း ပွဲကြီး (၃)ပွဲဆက် ကစားထားရတဲ့ ဒဏ်ရှိနေတဲ့ လီဗာပူးလ်အနေနဲ့ ပွဲပန်းတဲ့ အနေအထားတော့ ရှိနိုင်တယ်။ ဒီတော့ လူစုံပါ မပါ မသေချာလောက်ဘူး။ ဘလက်ဘန်းက UEFA ၀င်ခွင့်နေရာအတွက် “တင်”ကစားမှာဆိုတော့ လီဗာပူးလ် ပေါ့ဆလို့တော့ မရနိုင်ဘူး။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - ၁ ဂိုးနဲ့ နိုင်ရင်တောင် လီဗာပူးလ် ၃၀ % ကြေးရှုံးဦးမယ်။
ဝီလျံဟေးလ် - လီဗာပူးလ်ကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၂ - ၁
ရန်ကုန်ဂျာနယ်များ - လီဗာပူးလ်ကိုပဲ ပိုကြိုက်ကြ။
စာရေးသူအမြင် - ဧည့်သည်အသင်းကို အရဲစွန့်အားပေးသင့်။

မန်ယူ - အာဆင်နယ်

ပကျော့ အာဆင်နယ် ၂ - ၂ မန်ယူ

၂သင်းစလုံးအတွက် သိပ်အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လို့ အမှားခံမှာ မဟုတ်တဲ့အပြင် မဟာပြိုင်ဘက်ကြီး ၂သင်းထိပ်တိုက်တွေတဲ့ ပွဲဖြစ်လို့ ဒီတစ်ပတ် အကောင်းဆုံးပွဲဖြစ်လာမှာပဲ။ အစဉ်အလာအရ ကြည့်ရင် သိပ်မကွာပေမယ့် ဒီရာသီအတိုင်းအတာအရ ကြည့်ရင်တော့ မန်ယူက အာဆင်နယ်ကွင်းမှာ သရေ ကစားထားနိုင်သလို FA ဖလားပွဲမှာလည်း ၄ဂိုးပြတ်နဲ့ နိုင်ထားတဲ့ စိတ်ဓာတ် အားသာချက် ရှိနေတယ်။ ဒါပေမယ့် အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားတစ်လုံးပဲ မျှော်လင့်ချက်ရှိတော့တယ်။ ဒီပွဲနိုင်မှ လည်း ချန်ပီယံ မျှော်လင့်ချက် ပိုရှင်သန်နိုင်မှာမို့ အာဆင်နယ်အနေနဲ့ ဘုရင့်နောင် ဖောင်ဖျက် တိုက်သလို အသေအလဲ ခြေကုန်ထုတ်ပြီး ကစားလိမ့်မယ်။

ဒါကြောင့် အိုးထရက်ဖို့ဒ်မှာ ဖြစ်ပေမယ့် မန်ယူပေါ့ဆလို့ မရဘူး။ တစ်ချက်မှားတာနဲ့ အခက် တွေ့သွားနိုင်တယ်။ ကစားသမားအင်အား အရ ယှဉ်ကြည့်ရင်တော့ မန်ယူကသာတယ်။ အာဆင် နယ်က ၄း၎း၂ (သို့) ၄း၃း၃ ပုံစံခင်းကျင်းလာနိုင်ပြီး မန်ယူကတော့ ၄း၅း၁ (သို့) ၄း၁း၎း၁ ပုံစံနဲ့ ကစားမယ့် သဘောရှိတယ်။ မန်ယူက လက်ရှိခြေစွမ်းပိုင်းနဲ့ အခွင့်အရေးနည်းနည်း ပိုသာသလို ရှိနေပေမယ့် ဒီပွဲရှုံးရင် ဖလားလက်မယ့် ရာသီမျိုး ရင်ဆိုင်ရနိုင်တဲ့ ၀င်းဂါးရဲ့ အာဆင်နယ် အသင်းအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် မဖြစ်မနေ အနိုင်ရအောင် ပြင်ဆင် အားထည့်ကစား လာနိုင်တာကိုလည်း ထည့်စဉ်းစားထားရလိမ့်မယ်။

တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်း မန်ယူအသင်းက ပြိုင်ဘက်အသင်းကြီးတွေနဲ့တွေ့ရင် အထူး သဖြင့် မဟာပြိုင်ဘက် အာဆင်နယ်နဲ့တွေ့ရင် ဘယ်လို အခြေအနေမျိုးမှာမဆို ခြေကုန်ထုတ်ပြီး ရလဒ်ကောင်းအောင် ထိန်းချုပ်ကစားတတ်တဲ့ အစဉ်အလာတော့ ရှိတယ်။ ဒါ့အပြင် ဒီပွဲနိုင်ရင် သူတို့ အတွက် ချန်ပီယံ မျှော်လင့်ချက်ပိုကောင်းသွားနိုင်ပြီး အရှုံး(သို့)သရေကျသွားရင် ချန်ပီယံ မျှော်လင့် ချက် နည်းသွားနိုင်လို့ အကောင်းဆုံး လူစာရင်း၊ အကောင်းဆုံး နည်းဗျူဟာနဲ့ အမြင့်ဆုံး စိတ်ဓာတ်တွေပေါင်းပြီး အားထည့်ကစားနိုင်လို့ ဧည့်သည် အာဆင်နယ်အတွက်လည်း ဒီရာသီ တွင်း အခက်ခဲဆုံး ပွဲဖြစ်လာနိုင်တယ်။ ဗီဒစ် မပါနိုင်ပေမယ့် ဗန်ဒါးဆား၊ အဲဗရာ၊ ဖာဒီနန်၊ ဂျွန်အိုးရှေး၊ ဘရောင်း၊ ကားရစ်၊ ဟားဂရေ့ဗ်၊ စခိုးလ်၊ ရော်နယ်ဒို၊ ရွန်နီ၊ တေဗက်စ်တို့သာ ပွဲထွက်စာရင်း မှာပါလာရင် ဖာဘရီဂတ်စ်တို့ အုပ်စု အခက်တွေ့နိုင်တယ်။ သေချာတာက တော့ ၂သင်းစလုံးအတွက် သိပ်အရေးကြီးပြီး အမှားမခံတဲ့ ပွဲဖြစ်လို့ ဒီပွဲဟာ အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းမှာ မြေကြီး လက်ခတ် မလွဲပါဘဲ။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် မန်ယူ ၈၀%ကြေးရှုံးမယ်။
ဝီလျံဟေးလ် - မန်ယူကိုပဲ အပေါ်ကြေးပေးထား။
အင်တာနက်ခန့်မှန်း - ၁ - ၁ (သို့) ၂ - ၁
ရန်ကုန်ဂျာနယ်များ - မန်ယူကိုပဲ ပိုကြိုက်ကြ။
စာရေးသူအမြင် - မန်ယူကို အရဲစွန့်အားပေးချင်။