လီဗာပူး ပူးတွဲပိုင်ရှင် တွမ်ဟစ်စ်က အသင်းရဲ့ အမှုဆောင်အရာရှိ ရစ်ခ် ပါရီကို ရာထူးကနေ နူတ်ထွက်ဖို့ စာရေးသား တောင်းဆိုလိုက် ပါတယ်။
ဟစ်စ်က သူနဲ့ မသင့်မတင့် ဖြစ်နေတဲ့ ပူးတွဲပိုင်ရှင် နောက်တစ်ယောက်ဖြစ်တဲ့ ဂျော့ဂျဲလ်နဲ့ ပါရီတို့ဟာ အသင်းရဲ့ လာမယ့် အနာဂတ် အစီအစဉ်တွေနဲ့ ပက်သက်ပြီး သဘောထား တိုက်ဆိုင်နေလို့ အခုလို စာရေးသားခြင်း ဖြစ်ပါတယ်။
ဘီဘီစီ အားကစားအစီအစဉ်ကတော့ ပါရီအနေနဲ့ လီဗာပူးကနေ နူတ်ထွက်ဖို့ အလားအလာ နည်းကြောင်း ခန့်မှန်းပါတယ်။
ပူးတွဲပိုင်ရှင် နှစ်ယောက်ဖြစ်တဲ့ ဟစ်နဲ့ ဂျော့ဂျဲလ်တို့ဟာ အသင်းရဲ့ ရှယ်ယာတွေကို (၅၀) ရာခိုင်နူန်းစီ ပိုင်ဆိုင်ပြီး အခုအခါမှာတော့ နှစ်ဖက်ကြားမှာ သဘောထား တင်းမာနေပြီ ဖြစ် ပါတယ်။
အမေရိကန် ပိုင်ရှင်နှစ်ယောက်ကြား သဘောထား ကွဲလွဲမှုဟာ ဒူဘိုင်းအခြေစိုက် DIC ကုမ္မ ဏီကြီးက လီဗာပူးကို ၀ယ်ယူဖို့ ကမ်းလှမ်းလာတဲ့ အပေါ်မှာ အခြေခံခြင်း ဖြစ်ပါတယ်။
ဂျဲလ်က်က အသင်းကို DIC လက်ထဲကို ထိုးထည့်ချင် နေပေမယ့် ဟစ်ကတော့ လီဗာပူးကို တစ်ဦးတည်းပဲ ပိုင်ဆိုင်ခွင့်ရချင် နေပါတယ်။ ၀ယ်ယူစဉ်တုန်းက သဘောတူညီချက်အရ တစ်ယောက်က ခွင့်မပြုရင် ကျန်တစ်ယောက်က လီဗာပူးကို ရောင်းချခွင့် မရှိပါဘူး။
|

အမှုဆောင်အရာရှိ ပါရီ (၀ဲ)နဲ့ ပူးတွဲပိုင်ရှင် ဟစ်စ် (ယာ)တို့ကို တွေ့ရစဉ်
|