DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
လီဗာပူးက ၀ါရင့် ဖင်လန် နောက်ခံလူ ဟစ်ပီယာကို စာချုပ်သက်တမ်းထပ်တိုး
ဘီဘီစီ - ဧပြီ ၈၊ ၂၀၀၈

လီဗာပူးက ဆမ်မီ ဟစ်ပီယာကို စာချုပ်သက်တမ်းတိုးလိုက်ပြီး ၂၀၀၉ အထိ အသင်းမှာ ဆက်ထိန်းထား လိုက်ပါတယ်။

အသင်းပြောင်းဖို့ ဆက်သွယ်မှုတွေ လုပ်နေတဲ့ အသက် (၃၄)နှစ်အရွယ် ဖင်လန်နောက်ခံလူ ဟာ စာချုပ်သက်တမ်း တိုးနိုင်လို့ အန်းဖီးလ်မှာ (၁၀)ရာသီပြည့်တော့မှာ ဖြစ်ပါတယ်။

“ကျနော် တခြားတစ်နေရာကိုသွားဖို့ ရွေးချယ် ပြီးပါပြီ ဒါပေမယ့် အခုလို သက်တမ်းတိုး နိုင်တာဟာ ၀မ်းသာစရာပါ။ ဒီမှာနေရတဲ့အတွက် အရာရာမှာ ကျနော် ပျော်ပါတယ်” လို့ ဟစ်ပီယာက ပြောပါတယ်။

“အသင်းမှာရှိတဲ့ လူတိုင်းနဲ့ ကျနော် ဆက်ဆံရေး. ကောင်းပါတယ်။ ပြောင်းဖို့ လုပ်နေတဲ့ အချိန်မှာ စာချုပ်သက်တမ်း တိုးလိုက်တာဟာ ကျနော့်ကို ရုတ်တရက် နောက်ပြန် ဆွဲလိုက် သလိုပါပဲ”

ဟစ်ပီယာဟာ မေ ၁၉၉၉ မှာ ဒတ်ခ်ျကလပ် ၀ယ်လန် ၂ကနေ ပေါင် (၂.၆)သန်းနဲ့ လီဗာပူးကို ရောက်ရှိခဲ့ပါတယ်။

သူဟာ ဖင်လန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၉၀) ကစားပေး ထားပါတယ်။


လေ့ကျင့်ရေးကွင်းက ဟစ်ပီယာ