DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ရော်နယ်ဒင်ဟိုကို အရခေါ်ပေးဖို့ ပိုင်ရှင် သက်ဆင်ကို မန်စီးတီးနည်းပြ တိုက်တွန်းသွားဖွယ်ရှိ
ဘီဘီစီ - ဧပြီ ၈၊ ၂၀၀၈

ဘရာဇီးနဲ့ ဘာစီလိုနာတိုက်စစ်မှူး ရော်နယ်ဒင်ဟိုကို မန်စီးတီအတွက် ပိုင်ရှင် သက်ဆင် အနေနဲ့ ၀ယ်ယူပေးဖို့ နည်းပြ ဆဲဗင်ဂိုရန် အဲရစ်ဆင်က အလိုရှိနေပါတယ်။

အသက် (၂၈)နှစ်အရွယ် တိုက်စစ်မှူးက ဘာကာမှာ နေရတာ မပျော်တဲ့အတွက် လာမယ့် နွေရာသီမှာ အသင်းပြောင်းဖို့ ရှာဖွေနေတယ်လို့ ပြောထားပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ အကိုလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ရော်ဘတ်တို ဒီအက်ဆစ်က လာမယ့် ပြီးခဲ့တဲ့ စနေနေ့မှာ မန်စီးတီး ဒါရိုက်တာနဲ့ တွေ့ဆုံခဲ့ပြီး ရှေ့ဆက် ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ မျှော်လင့် နေပါတယ်။

“ဒီလိုအရာမျိုးကို ကြားရတာဟာ ကျနော့်အတွက်တော့ ပထမဆုံးအကြိမ်ပါပဲ။ ဒါကြောင့် ဒါတွေ အမှန်တကယ် ဖြစ်လာဖို့ ကျနော် မျှော်လင့်ပါတယ်” လို့ အဲရစ်ဆင်က ပြောပါတယ်။

“ကျနော်တို့အသင်းမှာ သူ့အတွက် တစ်နေရာ ရှာပေးနိုင်ပါတယ်။ အဲဒီအတွက် ကျနော် အာမ ခံပါတယ်”

“ပိုင်ရှင်ကို ကျနော် ဖုန်းဆက်ဖို့ ရှိပါတယ်။ ဒါဟာ အံ့သြစရာ ကောင်းပါတယ်။ သူတို့အနေနဲ့ ကျနော့်အတွက် ရော်နယ်ဒင်ဟိုကို ခေါ်ယူပေးနိုင်မယ်ဆိုရင် ကျနော်လောက် ပျော်တဲ့သူ ရှိမှာ မဟုတ်တော့ပါဘူး”

တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ ဒီနှစ်ရာသီအတွင်းမှာ ဒဏ်ရာပြဿာနာနဲ့ ရင်ဆိုင်နေရပြီး ဘာစီလိုနာရဲ့ လက်ကျန်ပွဲစဉ်တွေကို လွဲချော်မယ့် အနေအထားမှာ ရှိနေပါတယ်။

အေစီမီလန်နဲ့ ချဲလ်ဆီးကလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဟောင်း ဘရာဇီးသားကို ခေါ်ယူဖို့ လေသံပစ် နေပါတယ်။


ရော်နယ်ဒင်ဟို