DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဓါတ်မှန်ရဲ့ အဖြေက ဖာဒီနန်ရဲ့ ခြေထောက် အရိုးမကျိုးကြောင်း ပြသလို့ မန်ယူ သက်သာရာရ
ဘီဘီစီ - ဧပြီ ၈၊ ၂၀၀၈

ဓါတ်မှန်စစ်ဆေးချက်အရ မစ်ဒယ်ဘရော့နဲ့ ( ၂ - ၂)နဲ့ သရေကျတဲ့ပွဲမှာ ရတဲ့ နောက်ခံလူ ရီယို ဖာဒီနန်ရဲ့ ခြေထောက်ဒဏ်ရာက တစုံတရာ ကျိုးပဲ့ခဲ့ခြင်း မရှိပါဘူး။

အင်္ဂလန်နောက်ခံလူဟာ ရေးဗားဆိုဒ်မှာ ကစားတဲ့ပွဲမှာ ဒဏ်ရာရသွားလို့ ခြေထောက်မှာ စွတ်ထားတဲ့ ပလတ်စတစ် အကာအကွယ်ကို ချွတ်ပြီး လူစားလဲ ခဲ့ရပါတယ်။

“မနေ့က သူ့ ဒဏ်ရာကို ဓါတ်မှန်ရိုက်ခဲ့ပါတယ်။ ကျနော်တို့ အတည်ပြုနိုင်တာက သူ့ခြေ ထောက်မှာ အရိုးတစ်ချောင်းမှ မကျိုးပါဘူး” လို့ မန်ယူအသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးထား ပါတယ်။

ဖာဒီနန်ရဲ့ တွဲဖက် ဗဟိုနောက်ခံလူ ဗစ်ဒစ်ကကတော့ ဒဏ်ရာကြောင့် အနည်းဆုံး (၂)ပတ်က နေ (၃)ပတ်လောက်အထိ ကစားနိုင်မှာ မဟုတ်ပေမယ့် သူ ကိုယ်တိုင်ကတော့ ဘယ်အချိန် ကျမှ ပြန်ကစားနိုင်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။

ဆားဘီးယားသား ဗစ်ဒစ်ဟာ မန်ယူရဲ့ ချန်ပီယံဖြစ်ရေးအတွက် အရေးကြီးတဲ့ လက်ကျန် ပွဲစဉ်တွေဖြစ်တဲ့ အာစင်နယ်၊ ဘလက်ဘန်း၊ ချဲလ်ဆီးနဲ့ ပွဲတွေအပြင် ချန်ပီယံလိဂ် ကွာတား ဒုတိယအကျော့ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။


ဖာဒီနန်