မစ်ဒယ်ဘရော့နဲ့ မနေ့ညက တစ်ဖက်နှစ်ဂိုးစီနဲ့ သရေကျသွားတဲ့ပွဲမှာ ရီယို ဖာဒီနန် ဒဏ်ရာရ သွားလို့ မန်ယူနောက်တန်းမှာ နောက်ထပ် နောက်ခံလူတစ်ယောက် မကစားနိုင်မှာကို နည်းပြ ဖာဂူဆန်က စိုးရိမ်နေပါတယ်။
အင်္ဂလန် နောက်ခံလူဟာ မစ်ဒယ်ဘရော့ရဲ့ ရေးဗားဆိုဒ်မှာ ခြေဖ၀ါး ဒဏ်ရာရသွားလို့ ဆက်မကစားနိုင်တော့ဘဲ လူစားလဲ ခံခဲ့ရပါတယ်။
“ဒဏ်ရာက သိပ်မစိုးရိမ်ရပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ ဒီလို ဖြစ်နေတာတော့ တော်တော် ကြာနေပါပြီ။ အဲဒီ ဒဏ်ရာနဲ့က အသားကျ နေပါပြီ” လို့ ဖာဂူဆန်က ပြောပါတယ်။
လောလောဆယ် မန်ယူ ဗဟိုနောက်ခံလူ ဗစ်ဒစ်လည်း ဒဏ်ရာရနေပြီး အနည်းဆုံး (၂) ပတကနေ (၃)ပတ်လောက်အထိ ကစားနိုင်ဖို့ မလွယ်တဲ့ အနေအထားမှာ ရှိပါတယ်။
မန်ယူဟာ လက်ကျန်ပွဲတွေမှာ ချန်ပီယံဖြစ်ရေးအတွက် အရေးကြီးတဲ့ပွဲစဉ်တွေ ဖြစ်တဲ့ အာစင် နယ်၊ ဘလက်ဘန်း၊ ချဲလ်ဆီးနဲ့ ပွဲတွေအပြင် ရိုးမားနဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်မှာလည်း အဓိက နောက်ခံလူ နှစ်ယောက်မပါဘဲနဲ့ ကြိုးစား ရုန်းကန်ရတော့မှာ ဖြစ် ပါတယ်။
ဘိုရိုကို သရေကျတဲ့ပွဲမှာ ဖာဂူဆန်က ဖာဒီနန်ရဲ့ နေရာမှာ နည်းပြက ပီကွတ်နဲ့ လူစားလဲ ခဲ့ပါတယ်။
ဖာဂီက “ပီကွက် ကစားတာ မထင်မှတ်လောက်အောင် ကောင်းပါတယ်။ အံ့သြဖို့လည်း ကောင်း ပါတယ်။ သူ ကျနော်တို့ကို ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထပ်ပြောပါတယ်။
အိုးထရက်ဖို့ဒ်အသင်းဟာ ဘိုရိုနဲ့ သရေကျသွားလို့ မန်စီးတီးကို အနိုင်ရသွားတဲ့ ဒုတိယ နေရာက ချဲလ်ဆီးနဲ့ (၃)မှတ်ပဲ ကွာပါတော့တယ်။
“ဒီပွဲရလဒ်က ကျနော်တို့အတွက် လုံးဝ အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ ဂိုးကွာခြားချက် ကလည်း အားသာချက် တစ်ခုပါပဲ။ ဒါပေမယ့် ဘာကိုမှ အာမခံလို့ရတဲ့ အနေအထားမှာ မရှိပါဘူး”
၎င်းက ဆက်လက်ပြီး “ကျနော်တို့ နောက်ပွဲတွေမှာ ရှုံးနိုင်ပါသေးတယ်။ ကျနော်တို့ ပြိုင်ဖက် တွေမှာလည်း အခွင့် အရေးတွေ ရှိနေပါသေးတယ်။ ကျနော်တို့ရဲ့ အစွမ်းအစတွေနဲ့ လက်ကျန် ပွဲတိုင်းကို အကောင်းဆုံး ကစားသွားမှာပါ” လို့ ပြောပါတယ်။
|

ဒိုင်ကို စောဒကတက်နေတဲ့ ဖာဒီနန်
|