DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ချန်ပီယံလိဂ် အိပ်မက် ရှင်သန်ချင်ရင် ဒီထက်ပိုပြီး ခြေစွမ်းပြဖို့လိုကြောင်း ဂါးလက်စ် ၀န်ခံ
သည်ဆန်း - ဧပြီ ၄၊ ၂၀၀၈

ချန်ပီယံလိဂ်အိမ်မက်ကို ဆက်လက် ရှင်သန်ချင်သေးတယ်ဆိုရင် အာစင်နယ်အနေနဲ့ လက်ရှိ ခြေစွမ်းထက်ပိုပြီး မြင့်မားအောင် ကစားဖို့ လိုသေးကြောင်း ၀ီလျံ ဂါးလက်စ်က ၀န်ခံပါတယ်။

အသင်းခေါင်းဆောင်း ဂါးလက်စ်အနေနဲ့ အခုလို ပြောဆိုတာဟာ လီဗာပူးနဲ့ တစ်ဖက် တစ်ဂိုး စီနဲ့ သရေကျတဲ့ ပထမအကျော့ ကွာတားပွဲစဉ်ကို ဆိုလိုတာ မဟုတ်ဘဲ လာမယ့်အပတ် ဒုတိ ယအကျော့အတွက် ရည်ရွယ်ပြီး ပြောဆိုခြင်း ဖြစ်ပါတယ်။

ဝေဖန်သူတချို့ကတော့ လီဗာပူးနဲ့ ကစားတဲ့ပွဲမှာ ဦးဆောင်တဲ့ ဂါးလစ်ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုက အားနည်းနေတယ်လို့ ထောက်ပြ ဝေဖန်ကြပါတယ်။

အာစင်နယ်ဟာ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အီတလီကလပ် မီလန်ကို သူတို့ မြေပေါ်မှာ ပထမဆုံး အနိုင်ရတဲ့ အင်္ဂလိပ်အသင်းအဖြစ် သမိုင်းဝင် သွားပါတယ်။

ပြင်သစ်လက်ရွေးစင် ဂါးလက်စ်က “ရာသီမသိမ်းမချင်း ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို စွန့် လွှတ်မှာ မဟုတ်ပါဘူး။ အဲဒီမှာ ကျနော်တို့ ဂိုးသွင်းခွင့် အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပြီး အတောင့်တင်းဆုံး ကစားသွားနိုင်မှာပါ” လို့ ပြောပါတယ်။

“ကျနော်တို့ မလုပ်နိုင်တာ မရှိပါဘူး။ ဒါပေမယ့် ခက်တော့ ခက်ပါလိမ့်မယ်။ သူတို့ရဲ့နောက်မှာ ပရိတ်သတ်ကြီး ရှိနေပါတယ်။ အန်းဖီးလ်မှာတော့ ကစားရတာ လွယ်မှာ မဟုတ်ပါဘူး”

နည်းပြ ၀င်းဂါးကကတော့ သူ့အသင်းဟာ မုန်တိုင်းထဲမှာ ရွက်လွှင့်နေရသလိုပဲလို့ ပြောဆို ပါတယ်။

ချန်ပီယံလိဂ် ဒုတိယအကျော့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် (၈)ရက်နဲ့ (၉)ရက်နေ့ တွေမှာ ကစားရဖို့ ရှိနေပါတယ်။


ဂါးလက်စ်