DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဒဏ်ရာတွေ နှိပ်စက်လို့ တော့တင်ဟမ်က လတ်ဒလေကင်းနဲ့ ဘိုရိုက မီဒိုတို့ ရာသီကုန်ထိ နား
ဘီဘီစီ - ဧပြီ ၄၊ ၂၀၀၈

ဒဏ်ရာတွေရဲ့ နှိပ်စက်မှုကြောင့် တော့တင်ဟမ်အသင်းခေါင်းဆောင် လတ်ဒလေကင်းနဲ့ မစ် ဒယ်ဘရော့တိုက်စစ်မှူး မီဒိုတို့ဟာ ရာသီအကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် နောက်ခံလူ ကင်းဟာ ဒူးဒဏ်ရာနဲ့ ရုန်းကန်နေရလို့ ဒီရာသီအတွင်း မှာ အသင်းအတွက် (၁၀)ပွဲပဲ ကစားရ ပါသေးတယ်။

“ကျနော့် ဒူးဒဏ်ရာက အခုအချိန်မှာ သိပ်ပြီး နာကျင်တာတော့ ယောင်ယမ်းတာတို့ မရှိတော့ ပါဘူး။ ဒါပေမယ့် ရေရှည်မှာ ကောင်းကောင်း ပြန်ကစားနိုင်ဖို့အတွက် အနားယူလိုက်တာ ပိုပြီး ကောင်းမယ်လို့ အကြံပေးလို့ ကျနော် လက်ခံလိုက်တာပါ” လို့ ကင်းက အသင်းရဲ့ ၀က်ဆိုဒ်ကို ပြောပါတယ်။

အင်္ဂလန်နောက်ခံလူက “သူတို့ (၆)ပွဲ ကစားဖို့ ကျန်ပါသေးတယ်။ အဲဒီပွဲတွေမှာ ကျနော် ၀င်ပါနိုင် ပါသေးတယ်။ ဒါပေမယ့် အခုအနားယူတာက ရေရှည်အတွက် ပိုပြီး ကောင်းမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ထပ်ပြောပါတယ်။

မစ်ဒယ်ဘရော့ တိုက်စစ်မှူး မီဒိုကတော့ ကာလကြာရှည် ခံစားနေရတဲ့ အူကျတဲ့ရောဂါကို ခွဲစိတ်ရမှာဖြစ်လို့ ရာသီကုန်အထိ အနားယူရမှာ ဖြစ်ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ ဒီနှစ်ရာသီအစမှာ တော့တင်ဟမ်ကနေ ပေါင် (၆)သန်းနဲ့ မစ်ဒယ် ဘရော့ကို ရောက်ရှိလာပြီး ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေ ရပါတယ်။

အသက် (၂၅)နှစ်အရွယ် မီဒိုဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ ကြိုးစားရုန်းကန်နေရလို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ အာဖရိကဖလားပွဲတုန်းက လက်ရွေးစင် အီဂျစ်အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့ ပါဘူး။

မီဒိုဟာ ဒီရာသီအတွင်းမှာ ဘိုရိုအတွက် (၈)ပွဲပဲ ကစားပေးထားရသေးပြီး (၂)ဂိုး သွင်းထား ပါတယ်။

သူဟာ မစ်ဒယ်ဘရော့ရဲ့ မန်ယူ၊ တော့တင်ဟမ်၊ ဘော်လ်တန်၊ ဆန်းဒါးလန်း၊ ပို့စ်မောက်၊ မန်စီးတီးတို့နဲ့ ကစားရမယ့် ပွဲတွေကို လွဲချော်မှာ ဖြစ်ပါတယ်။


တော့တင်ဟမ်အသင်းခေါင်းဆောင် ကင်း