လန်ဒန်မြောက်ပိုင်းကလပ် အာစင်နယ်က စပိန်ဂိုးသမား အယ်မူနီယာကို နှစ်ရှည် စာချုပ်နဲ့ သက်တမ်းတိုးခဲ့ပါတယ်။
အသက် (၃၀)အရွယ် ဂိုးသမားဟာ ဆဲလ်တာ ဗစ်ဂိုကလပ်ကနေ ၂၀၀၄ မှာ အာစင်နယ်ကို ရောက်ရှိလာပြီးနောက် ဒီရာသီအတွင်းမှာ ပထမဦးစားပေး ဂိုးသမားဖြစ်လာပြီး ဂျာမန်ဂိုးသမား လေမန်းကို အရန်ထိုင်ခုံပေါ်ရောက်အောင် တွန်းပို့နိုင် ခဲ့ပါတယ်။
နှစ်ဖက်သဘောတူညီချက်တွေကို အသေးစိတ် ထုတ်ပြန်ချက် မရှိပေမယ့် အယ်မူနီယာကတော့ သူ့ရဲ့ ဂိုးသမားဘ၀ကို အာစင်နယ်မှာပဲ အဆုံးသတ်ချင်တဲ့အကြောင်း ပြောထား ပါ တယ်။
“ကျနော့်မိန်းမနဲ့ စကားပြောပြီးပါပြီ။ ကျနော် စပိန်ကို ပြန်ပြီး မကစားချင်တဲ့ အကြောင်းကိုပေါ့။ ဒီမှာပဲ ကစားသမားဘ၀ကို အဆုံးသတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ အယ်မူနီယာက အာစင်နယ် ၀က်ဆိုဒ်ကို ပြောပါတယ်။
“စာချုပ်သက်တမ်းတိုးနိုင်လို့ ကျနော် အရမ်း ပျော်ပါတယ်။ ဒီမှာ အကြာကြီး ဆက်ကစား သွား နိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်”
၎င်းက ဆက်လက်ပြီး “ဘောလုံးလောကမှာကတော့ အပြောင်းအလဲတွေက အချိန်မရွေး ရှိနိုင်ပါတယ်။ ဒီရာသီအစတုန်းက ကျနော် မကစားခဲ့ ရပါဘူး။ ဒါပေမယ့် အခုတော့ ဦးစားပေး ဂိုးသမား ဖြစ်နေပါပြီ” လို့ ပြောပါတယ်။
|

လေ့ကျင့်ရေးကွင်းက အယ်မူနီယာ
|