DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
လီဗာပူးနဲ့ မနက်ဖြန်ပွဲမှာ အဓိကတိုက်စစ်မှူးနှစ်ဦး မကစားနိုင်မှာကို အာစင်ဝင်းဂါး ပူပန်
စကိုင်းစပေါ့ - ဧပြီ ၄၊ ၂၀၀၈

အာစင်းဝင်းဂါးက မနက်ဖြန် လီဗာပူးနဲ့ ကစားရမယ့် ပရီးမီးယားရှစ်ပွဲမှာ တိုက်စစ်မှူးတွေဖြစ်တဲ့ ဗန်ပါစီနဲ့ အဒီဘေယာတို့ မပါဘဲနဲ့ ကစားရတော့မယ်လို့ ၀န်ခံ လိုက်ပါတယ်။

ဗန်ပါစီဟာ ပြီးခဲ့တဲ့ (၂)ရက်က လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ရထားတဲ့ ပေါင်ခြံဒဏ်ရာကြောင့် မနက်ဖြန် ပွဲအတွက် ကစားနိုင်ဖို့ အခွင့်အရေး ရာခိုင်နူန်း (၂၀)ပဲ ရှိပါတယ်။

ခြေကျင်းဝတ် ဒဏ်ရာရနေတဲ့ အဒီဘောယာ မကစားနိုင်မှာကိုလည်း နည်းပြ ၀င်းဂါးက စိုးရိမ် ပူပန် နေပါတယ်။

“တကယ်လို့ ခင်များတို့အနေနဲ့ အခုအချိန်မှာ ကျနော့်ရဲ့ တိုက်စစ်မှူးတွေ ကစားနိုင်မလား လို့မေးရင်၊ နိုးလို့ပဲ ဖြေရမှာပါ။ ဗန်ပါစီကတော့ မကစားနိုင်တော့ပါဘူး” လို့ အာစင်ဝင်းဂါးက ပြောပါတယ်။

“သူ့ဒဏ်ရာ အခြေအနေက ပြန်ကစားနိုင်ဖို့က ရာခိုင်နူန်း (၂၀)၊ မကစားနိုင်ဖို့က ရာခိုင်နူန်း (၈၀) ရှိပါတယ်။ ဓါတ်မှန်အဖြေအရ သူ့ အခြေအနေက မနေ့ကထက် ပိုပြီး ကောင်းလာ ပါတယ်။ ဒါက ကြွက်သားဒဏ်ရာအတွက် အပေါင်းလက္ခဏာ ဆောင်ပါတယ်”

ပြင်သစ်သားနည်းပြက “အဒီဘေယာရဲ့ ခြေကျင်းဝတ်ကလည်း ပြဿနာ နည်းနည်း ရှိနေပါ တယ်။ မနက်ဖြန်မှာ ဘာ တွေ ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ” လို့ ထပ်ပြော ပါတယ်။

အာစင်နယ်မှာ လောလောဆယ် ကွင်းလယ်လူ ရိုဆက်စကီး (တကောက်ကြော)နဲ့ နောက်ခံလူ ဆန်ညာ (ခြေကျင်းဝတ်)တို့ ဒဏ်ရာ ရပါတယ်။


လေ့ကျင့်ရေးကွင်းက အာစင်ဝင်းဂါးနဲ့ ဗန်ပါစီ