DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဂျုဗင်တပ်ကို ဖလာမီနီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းတွေကို အာစင်ဝင်းဂါး ပယ်ချ
စကိုင်းစပေါ့ - ဧပြီ ၂၊ ၂၀၀၈

ဂျုဗင်တပ်ကို ကွင်းလယ်လူ ဖလာမီနီ ပြောင်းရွေ့တော့မယ်ဆိုတဲ့ သတင်းတွေကို အာစင်နယ်နည်းပြ အာစင်ဝင်းဂါးက ပယ်ချ လိုက်ပါတယ်။

အခုထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့အတွက် ဖလာမီနီရဲ့ အနာဂတ်က အာစင်နယ်မှာ ဆက်ရှိမလား၊ မရှိဘူးလားဆိုတာ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။

ပြင်သစ်ကွင်းလယ်လူရဲ့ စာချုပ်က ဒီနှစ်ရာသီအကုန်ကျရင် သက်တမ်းကုန်ပြီး အလွတ်ပြောင်း ရွေ့ကြေးနဲ့ ပြောင်းရွေ့နိုင်မှာဖြစ်လို့ တခြား အသင်းတွေအတွက် ဆွဲဆောင်စရာ ဖြစ်နေ ပါ တယ်။

စီးရီးအေပြိုင်ဖက် အေစီမီလန်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဖလာမီနီကို ဂျုဗင်တပ်က အကြိုစာချုပ် ချုပ်ဆိုပြီး အီတလီကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာစင်နယ်ကတော့ အခုအချိန်အထိ ဖလာမီနီရဲ့ စာချုပ်သစ်ကိစ္စအတွက် ပြောဆိုဆွေး နွေးနေဆဲ ရှိပြီး ဒီလထဲမှာ အဆုံးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။

ကောလဟာက သတင်းတွေနဲ့ ပက်သက်လို့ အာစင်ဝင်းဂါးက “ဂျုဗင်တပ်က ကျနော့်ကို ဘာမှ ဆက်သွယ်လာတာ မရှိပါဘူး။ သူတို့က ဖလာမီနီကို စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဖလာမီနီဟာ ဒီနှစ်ရာသီကျမှ ၀င်းဂါးရဲ့ အာစင်နယ်မှာ ခြေစွမ်းပြနိုင်လို့ ဂျီဘာတို ဆေးဗားရဲ့ နေရာမှာ ပုံမှန် ကစားခွင့်ရနေတဲ့ ကစားသမား ဖြစ်ပါတယ်။


သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဖလာမီနီနဲ့ ၀င်းဂါးကို တွေ့ရစဉ်