DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
မန်ယူမှာပဲ အရိုးထုတ်ချင်ကြောင်း နောက်ခံလူ ဖာဒီနန် လေသံပစ်
ဘီဘီစီ - ဧပြီ ၁၊ ၂၀၀၈

နောက်ခံလူ ရီယိုဖာဒီနန်က ကျန်ရှိနေတဲ့ ကစားသမားဘ၀ကို မန်ယူမှာပဲ အဆုံးသတ်ချင်ကြောင်း အချက်ပေး ပြောဆိုပါတယ်။

“ကျနော့်ရဲ့ စာချုပ်က နောက်ထပ် (၂)နှစ်သက်တမ်း ကျန်ပါသေးတယ်။ ကစားသမားဘ၀ကို မန်ယူမှာပဲ အဆုံးသတ်ချင်ပါတယ်” လို့ ဗဟိုနောက်ခံလူ ဖာဒီနန်က ထုတ်ဖော်ပါတယ်။

“အသင်းကတော့ ကျနော့်ရဲ့ အေးဂျင့်ကို ချဉ်းကပ်တာတွေ လုပ်ပြီးပါပြီ။ ကစားဖို့ ပွဲတွေ အများ ကြီး ရှိနေသေးလို့ ကျနော့် စာချုပ်ကိစ္စဖက်ကို မလှည့်နိုင် သေးပါဘူး”

အသက် (၂၉)နှစ်အရွယ် အင်္ဂလန်နောက်ခံလူက “ဒီနှစ်ရာသီအကုန် မဟုတ်ရင် မကြာခင်မှာ အကောင်အထည် ပေါ်လာမှာပါ။ ကျနော့်ရဲ့ လက်ရှိ ဘ၀ကို ကျနော် ပျော်ပါတယ်” လို့ ထပ် ပြောပါတယ်။

ပြင်သစ်ကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးသွားတဲ့ ပြီးခဲ့တဲ့အပတ်က ခြေစမ်းပွဲမှာ ဖာဒီနန်ဟာ အင်္ဂလန်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားမှာ (၇၆)မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင် နေပြီး လက်ကျန်ပွဲ (၆)ပွဲပဲ ကစားဖို့ ကျန်ရှိနေလို့ ချန်ပီယံဖြစ်ဖို့ အလားအလာများ နေပါတယ်။


လေ့ကျင့်ရေးကွင်းက ဖာဒီနန်