ဒေးဗစ်ဘက်ဟမ်းအနေနဲ့ ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ နေထိုင်သွားရင် လာမယ့် တောင်အာဖရိက ၂၀၁၀ ကမ္ဘာ့ဖလားပွဲမှာ ပါဝင်ကစားခွင့် ရနိုင်တယ်လို့ အင်္ဂလန်နည်းပြ ဖာဘီယို ကာပယ်လိုက ပြောပါတယ်။
“တံခါးကတော့ ဖွင့်ထားပါတယ်။ သူ ပြင်သစ်နဲ့ နောက်ဆုံး ကစားတဲ့ ခြေစမ်းပွဲမှာ အကောင်းဆုံး ကစားနိုင် ခဲ့ပါတယ်။ ဂလက်စီမှာ သူ ကစားနေတဲ့ ပွဲတိုင်းကိုလည်း ကျနော် စောင့်ကြည့် ဖြစ်ပါတယ်” လို့ ကာပယ်လိုက sports daily Marca စာစောင်ကို ပြောပါတယ်။
“အခြေအနေတွေက သူ့အပေါ်ပဲ တည်ပါတယ်။ အသက် (၃၃)နှစ်အထိ အကောင်းဆုံး ကစား နိုင်နေတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သူတို့အတွက် အဓိက မဟုတ်ဘဲ ဂရုစိုက်မှုက ပိုပြီး အရေးကြီးတယ် ဆိုတာကို သူတို့ သိပါတယ်။ အားလုံးက အဲဒီအပေါ်မှာပဲ တည်နေပါတယ်”
ကာပယ်လိုက လာမယ့် စက်တင်ဘာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မတိုင်မီအထိတော့ အင်္ဂလန် အသင်းရဲ့ လူစာရင်းကို ပြောဆိုဖို့ ငြင်းဆန် ထားပါတယ်။
“ပြင်သစ်ကို ရှုံးတဲ့ပွဲအပြီးကတည်းက အသင်းကို ကစားပုံကို ကျေနပ်တယ်လို့ ကျနော် ပြောပြီး ပါပြီ။ အဲဒီကနေ ကျနော်တို့အသင်းကို တစ်ဆင့်ချင်း တက်နိုင်အောင် လုပ်ရမှာပါ”
အီတလီသားနည်းပြက “ကျနော်တို့အတွက် ပထမဆုံး အရေးကြီးတာက ၂၀၁၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ပါ။ ပြီးမှ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျနော့်မှာ ကစားသမား ကောင်း တွေ အများကြီး ရှိပါတယ်” လို့ ထပ်ပြောပါတယ်။
အင်္ဂလိပ်အသင်း (၃)သင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားနိုင်ပေမယ့် အင်္ဂလန် ကစားသမားတွေကတော့ ယူရို ၂၀၀၈ ပြိုင်ပွဲကြီးကို တီဗွီကပဲ ကြည့်ရှု့ရတော့မှာ ဖြစ်ပါတယ်။
|