ဆဲဗင်ဂိုရန် အဲရစ်ဆင်အနေနဲ့ လာမယ့်ရာသီ မန်ချက်စတာစီးတီးမှာ ဆက်ရှိနေဖို့ မသေချာဘူးလို့ အေးဂျင့်ဖြစ်သူက မနေ့က ပြောပါတယ်။
စီးတီးပိုင်ရှင် သက်ဆင်က အသင်းရဲ့ ရလဒ်တွေမကောင်းတာကြောင့် စိတ်မချမ်းမသာ ဖြစ်နေ ကြောင်း ဒီလအစောပိုင်းက ထုတ်ဖော်ပြောဆိုအပြီးမှာ ဗြိတိသျှမီဒီယာတွေက အဲရစ်ဆင် အ နေနဲ့ အထုတ်ခံရနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးတဲ့ ဆွီဒစ်နည်းပြ အဲရစ်ဆင် ကိုယ်တိုင်ကတော့ နူတ် ထွက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ပြောပါတယ်။
ပိုင်ရှင် ဘီလျံနာ သက်ဆင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖူလ်ဟမ်ကို (၂)ဂိုးအသာနဲ့ ဦးဆောင် ကစားပြီးမှ (၃ - ၂)နဲ့ ရှုံးသွားတဲ့ပွဲကို ကိုယ်တိုင်လာရောက် ကြည့်ရှုခဲ့ပါတယ်။
အဲရစ်ဆင်ရဲ့ လက်ထောက်ဖြစ်သူက ဆွီဒစ်သတင်းစာတွေကို ပြောဆိုရာမှာ အဲရစ်ဆင်ဟာ ဒီနှစ်ရာသီအကုန်မှာ စီးတီးကနေ ထွက်ခွာလိမ့်မယ်လို့ ပြောပါတယ်။
|