DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ရော်နယ်ဒင်ဟိုအတွက် သတ်မှတ်ဈေးကို အင်တာမီလန် ဥက္ကဌလည်း ညည်းတွား
ရိုက်တာ - ဧပြီ ၃၀၊ ၂၀၀၈

ရော်နယ်ဒင်ဟိုအတွက် သတ်မှတ်ထားတဲ့နူန်းက ဈေးကြီးတဲ့အတွက်ကြောင့် အေစီမီလန်နဲ့ ပြိုင်ပြီး ခေါ်ယူဖို့ အလားအလာမရှိကြောင်း အင်တာမီလန် ဥက္ကဌ မက်ဆီမို မိုရက်တီက ပြောပါတယ်။

အင်တာဥက္ကဌက “ရော်နယ်ဒင်ဟိုရဲ့ ဈေးက နည်းနည်းမြင့် နေပါတယ်။ ကျနော်တို့ သူ့ကိစ္စကို တကောက်ကောက် လိုက်နေပေမယ့် သိပ်ပြီးတော့ စိတ်ဝင်စားတော့မယ်လို့တော့ မထင်ပါ ဘူး” လို့ ပြောပါတယ်။

ဘာစီလိုနာ ဥက္ကဌ ဂျိုအန် လာပေါ်တာက သူ့ကစားသမားရဲ့ ဈေးနူန်းက အနည်းဆုံး ယူရို သန်း (၄၀) (ပေါင် ၃၁.၆ သန်း)လောက် တန်ကြေးရှိတယ်လို့ ပြောထားပါတယ်။

အေစီမီလန်က ဒီလအစောပိုင်းတုန်းက ခေါ်ယူဖို့ ရော်နယ်ဒင်ဟိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက် အလက်တွေ သဘောတူညီချက် ရထားပေမယ့် ဈေးများတာကြောင့် ပျက်ပြယ်သွားပါတယ်။


ရော်နယ်ဒင်ဟို