မန်ယူနိုက်တက်ကို ဆီမီးဖိုင်နယ်မှာ အရှုံးပေးခဲ့ရပေမယ့် နည်းပြအဖြစ်ကနေတော့ နူတ်ထွက်မှာ မဟုတ်ကြောင်း ဘာစီလိုနာနည်းပြ ဖရန့်ရစ်ကတ်က အခိုင်အမာ ပြောပါတယ်။
လာမယ့် နွေရာသီမှာ ဘာကာနေ ထွက်ပြီး ချဲလ်ဆီး ပြောင်းမှာလားဆိုတဲ့ အမေးကိုတော့ ရစ်ကတ်က “ဒီလို အတွေးမျိုး ကျနော့်ခေါင်းထဲကို ၀င်လာတာမျိုး မရှိသေးပါဘူး” လို့ ပြောပါ တယ်။
“ဒီကနေ ထွက်သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး။ အသင်းအတွက် အကူအညီနဲ့ အထောက် အပံ့ တွေ လိုပါတယ်။ ကျနော်တို့အားလုံး ဆိုးတူကောင်းဖက် အတူတူ ရှိနေဖို့ လိုပါတယ်”
ရစ်ကတ်က “ကစားသမားတွေက ကျနော့်ကို အသင်းပြောင်းဖို့ အချိန်ကျပြီလို့ ပြောလာရင် တော့ တမျိုး ဖြစ်မှာပေါ့” လို့ ထပ်ပြောပါတယ်။
ဒတ်ခ်ျနည်းပြ ရစ်ကတ်ရဲ့အသင်းဟာ လာလီဂါမှာလည်း ချန်ပီယံဆုကြီးကို ပြိုင်ဖက် ရီရဲလ် မက်ဒရစ် လက်ထဲကို ထိုးထည့်လိုက်ရပြီတဲ့အတွက် ဒီရာသီကို ဖလားလက်မဲ့ ဖြတ်သန်း ရ တော့မှာ ဖြစ်ပါတယ်။
စပိန်မီဒီယာတွေကတော့ ချန်ပီယံလိဂ်မှာ မန်ယူကို ရှုံးသွားတဲ့အတွက် ကတ်တလန်ကလပ်ရဲ့ ခေတ်ဟာ ကုန်ဆုံးသွားပြီလို့ ရေးသားကြပါတယ်။
|