ကွင်းလယ်လူ ပေါစခိုးလ် သွင်းတဲ့ဂိုးနဲ့ မန်ယူဟာ အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာကို အနိုင်ရပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိ သွားပါတယ်။
စခိုးလ်ဟာ ပွဲအစ (၁၄)မိနစ်မှာ (၂၅)ကိုက် အကွာကနေ အဝေးကစ် ကန်သွင်းတာ ဂိုးဝင်သွား လို့ ဗိုလ်လုပွဲမှာ အင်္ဂလိပ်အသင်းတွေချည်းပဲ ပြန်ဆုံရတော့မှာ ဖြစ်ပါတယ်။
ဘာစီလိုနာက ပွဲကစားချိန် တော်တော်များများမှာ ထိမ်းချုပ်ကစားနိုင်ခဲ့သလို ဒေကို ကန်သွင်း ခွင့် (၂)ကြိမ်နဲ့ ဟင်နရီလည်း အခွင့်အရေး ရခဲ့ပေမယ့် ဂိုးအဖြစ်တော့ မပြောင်းလဲနိုင် ခဲ့ပါဘူး။
နည်းပြ ဖာဂူဆန်က “စခိုးလ်က ကျနော်တို့ရဲ့ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါ တယ်။ သူက ဒီကလပ်အကြောင်းကို သိပါတယ်။ ကစားသမားတိုင်းအတွက် ကျနော် ကျေနပ် ပါတယ်“ လို့ ပြောပါတယ်။
“ဒီပွဲမှာ ကစားတဲ့ ခြေစွမ်းက အံ့သြဖို့ ကောင်းပါတယ်။ ကျနော်တို့အသင်းရဲ့ သမိုင်းနဲ့ အားပေး တဲ့ ပရိတ်သတ်တွေအတွက် ဗိုလ်လုပွဲရောက်ဖို့ ထိုက်တန်ပါတယ်”
၁၉၆၈နဲ့ ၁၉၉၉တို့မှာ ဗိုလ်စွဲထားဖူးတဲ့ ယူနိုက်တက်ဟာ အခုတစ်ကြိမ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲ ခဲ့ရင် တတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဆုဖလားကို ရရှိမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက တောင်ပံသမား မက်ဆီဟာ မန်ယူနောက်တန်းကို မွှေနှောက် ကစားနိုင်ပြီး အများဆုံး ခြိမ်းခြောက်၊ ဒုက္ခပေး နိုင်ခဲ့ပါတယ်။
|

ဂိုးသွင်းအပြီး ပေါစခိုးလ် အောင်ပွဲခံနေစဉ်
|