ဒီနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ချဲလ်ဆီးက အနိုင်ရဖို့ ပိုပြီး ရေပန်းစားကြောင်း လီဗာပူး အသင်းခေါင်းဆောင် စတီဗင် ဂျရတ်က ၀န်ခံပါတယ်။
ပထမအကျော့ အန်းဖီးလ်ကွင်းမှာတုန်းက တစ်ဂိုးစီနဲ့ သရေကျထားတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးဟာ ဒီည စတန်းဖို့ဘရစ်ခ်ျမှာ ဒုတိယအကျော့ ကစားရဖို့ ရှိပါတယ်။
ဂျရတ်က “လက်တွေ့ကျကျ ပြောရရင် ချဲလ်ဆီးက ကျနော်တို့ထက် ပိုပြီး အခွင့်အရေး ရှိပါ တယ်။ သူတို့က တောင့်တင်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး အိမ်ကွင်းစံချိန်ကောင်းအောင် အ ကြာကြီး ထိန်းထားနိုင်ပါတယ်” လို့ ပြောပါတယ်။
“ကျနော်တို့အသင်းက ဥရောပအဆင့်မှာဆိုရင် အဝေးကွင်းရော၊ အိမ်ကွင်းမှာပါ ရလဒ်ကောင်း တွေ ရတာကို ပြီးခဲ့တဲ့နှစ်တွေက ပြသခဲ့ ပြီးပါပြီ”
လီဗာပူးအသင်းဟာ နည်းပြ ဘင်နီတတ်ဇ်ရဲ့ လက်ထက် ချဲလ်ဆီးကွင်းမှာ ကစားထားတဲ့ (၈)ပွဲမှာ တစ်ဂိုးမှ သွင်းနိုင်ခြင်း မရှိသေးပါဘူး။
နည်းပြ ဘင်နီတတ်ဇ်က “ကစားသမားတွေက ဒီပွဲက (၃)နှစ်မြောက် ဗိုလ်လုပွဲကို တက်ရမယ့် ပွဲဖြစ်လို့ အရေးကြီးတယ် ဆိုတာကို ကောင်းကောင်း သိပါတယ်။ ဒါပေမယ့် သူတို့မှာ ဖိအား တွေတော့ နည်းနည်းပါးပါး ရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
လီဗာပူးနဲ့ ချဲလ်ဆီးပွဲမှာ အနိုင်ရတဲ့အသင်းဟာ လာမယ့် မေ (၂၁)ရက်နေ့ မော်စကို ဗိုလ်လု ပွဲမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အန်းဖီးလ်ကလပ်ဟာ (၄)နှစ်အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၂)ကြိမ် ရောက်ခဲ့ပြီး ၂၀၀၅ မှာ ချန်ပီယံနဲ့ ၂၀၀၇ မှာ ဒုတိယဆုနဲ့ ကျေနပ်ခဲ့ ရပါတယ်။
|