DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ပရီးမီးယားလိဂ်
ဗိုလ်လုပွဲတက်ဖို့ အပြတ်ပြောလို့မရသေးတဲ့ ချန်ပီယံလိဂ်ဆီမီး ဒုတိယအကျော့ ခန့်မှန်းချက်
ဒီဗွီဘီ - ဧပြီ ၂၉၊ ၂၀၀၈

ပြီးခဲ့တဲ့အပတ်က ကစားသွားခဲ့တဲ့ ပထမအကျော့ရလဒ်တွေက အခုအချိန်မှာ ၄ သင်းစလုံး ဗိုလ်လုပွဲတက်ဖို့ မျှော်လင့်ချက်ရှိနေသေးတယ်။ အခုအချိန်မှာ ဆီမီးဒုတိယအကျော့ နှစ်ပွဲစလုံးမှာ နိုင်ချေမျှနေပြီး ဘယ်အသင်းတက်မလဲဆိုတာ ပွဲပြီးမှပဲ အပြတ်ပြောနိုင်မယ့်အနေအထားမျိုးဖြစ်နေလို့ နှစ်ပွဲစလုံးက ပရိသတ်ကို အထူးစွဲဆောင်နေလိမ့်မယ်။

မန်ယူ - ဘာစီလိုနာ

ပထမအကျော့ ဘာစီလိုနာ ၀ - ၀ မန်ယူ

အိုးထရက်ဖို့ဒ်မှာ ဒီနှစ်သင်းတွေ့ဖူးတဲ့အစဉ်အလာအရတော့ မန်ယူက သာသလို ဒီနှစ် ချန်ပီယံ လိဂ်မှာ မန်ယူဟာ အိုးထရက်ဖို့ဒ်မှာ ရှုံးပွဲမရှိသေးဘဲ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ စံချိန် တင်ထားတော့ ဘာစီလိုနာအတွက် ပထမအကျော့လို ထင်သလိုကြဲနိုင်ဖို့ မလွယ်ဘူး။ မန်ယူဟာ ချယ်လ်ဆီးကို ရှုံးသွားလို့ဖိအားတွေ ၀င်သွားနိုင်သလို တစ်ဘက်ကကြည့်ရင်လည်းအဲဒီရှုံးပွဲတွန်းအား ကြောင့် ဒီပွဲကို အသေအကြေကစားဖို့ စေ့ဆော်မှုပေးလိုက်သလို ဖြစ်သွားစေနိုင်တယ်။ ဒါပေမယ့် ဘာစီလိုနာအတွက် တစ်ခုတည်းသော ပစ်မှတ်က ချန်ပီယံလိဂ်ပဲရှိတော့လို့ မန်ယူအတွက်လည်း တစ်ချက်ကလေးမှ အမှားလုပ်လို့မရတော့တဲ့ပွဲပဲ။

အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ ဆက်တိုက်နည်း ဗျူဟာမှားခဲ့တဲ့ ဖာဂူဆန်အနေနဲ့ ဒီပွဲမှာ အကောင်းဆုံးနည်းဗျူဟာ ချမှတ်နိုင်မှသာ အလားအလာ ကောင်းနိုင်မယ်။ မန်ယူမှာ ဗစ်ဒစ်ခ်ျ နာနေတာနဲ့ ရူနီ ကြံ့ခိုင်မှုမကောင်းသေးတာက ဖာဂူဆန်အတွက် အနည်းငယ် အခက်တွေ့နိုင်ပေမယ့် ရှိတဲ့လူနဲ့ ကစားကွက်ချမှတ်ပုံ ကောင်းရင် မျှော်လင့် ချက်ရှိပါတယ်။ ဘာစီလိုနာက ဂိုးရဖို့ ဖွင့်ကစားမှာဆိုတော့ မန်ယူခံစစ် အကောင်းဆုံး အနေအထား ရှိုဖို့တော့ လို တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် မန်ယူ ၃၀ ရာခိုင်နှုန်းကြေးရှုံးမယ်
ဝီလျံဟေးလ် - မန်ယူကိုပဲ အပေါ်ကြေး ပါးပါးပေးထား
အင်တာနက်ခန့်မှန်း - ၁- ၁
ရန်ကုန်ဂျာနယ်များ - ဘာစီလိုနာကို ပိုကြိုက်ကြ
စာရေးသူအမြင် - မန်ယူ ကပ်နိုင်သွားမယ်ထင်တယ်

ချယ်လ်ဆီး - လီဗာပူး

ပထမအကျော့ လီဗာပူး ၁ - ၁ ချယ်လ်ဆီး

ဖလားနှစ်လုံး မျှော်လင့်ချက်အား ပြန်ကောင်းလာတဲ့ စိတ်ဓာတ်တက်ကြွမှုနဲ့ ချယ်လ်ဆီးဟာ အိမ်ကွင်းမှာလည်း ယခုအချိန်ထိ ပွဲ ၈၀ ဆက်တိုက် ရှုံးပွဲမရှိစံချိန် တင်ထားလို့ လီဗာပူး အတွက် အလွန်ခက်ခဲမယ့်ပွဲပါပဲ။ အထူးသဖြင့် လီဗာပူးဟာ ချယ်လ်ဆီးအိမ်ကွင်းမှာ ၄ နှစ်ဆက်တိုက် ဂိုး မသွင်းနိုင်ခဲ့သေးလို့ ဒီပွဲမှာလည်း ဂိုးရဖို့ အတော်ကြိုးစားရမယ်။ ဒါပေမယ့် ဘင်နီတက်ဇ်ဟာ ဂရန့်ထက် အများကြီးသာသလို ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင် အောင်ကစားရမလဲဆိုတာ ကောင်းကောင်းသိနေလို့ ချယ်လ်ဆီးအတွက်လည်း တစ်ချက်မှ အမှားမခံနိုင်ပါဘူး။

အထူးသဖြင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ အရန်လူတွေထုတ်ပြီး ကစားအားချွေထားတဲ့ လီဗာပူးကို မန်ယူနဲ့ အသည်းအ သန်ခြေကုန်ထုတ်ကစားထားရတဲ့ ချယ်လ်ဆီး ကစားအားပိုင်းမှာ ယှဉ်နိုင်ဖို့မလွယ်ဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရ အိမ်ရှင်အခွင့်အရေးအရတော့ ဒီပွဲဟာ ချယ်လ်ဆီးအတွက် အခွင့်အရေးအနည်းငယ် သာသယောင် ရှိနေတယ်။ ဒါပေမယ့် ဒီပွဲဟာ ပထမအကျော့ကလိုပဲ သရေကျနိုင်သလို နောက်ဆုံး မိနစ်မှာ အမှားလုပ်မိတဲ့အသင်း၊ ကံဖေးမမှု အားနည်းသွားတဲ့အသင်းက ကျန်ခဲ့နိုင်တယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ချယ်လ်ဆီး ၆၀ % ကြေးရှုံးမယ်
ဝီလျံဟေးလ် - ချယ်လ်ဆီးကိုပဲ အပေါ်ကြေး ပါးပါးပေးထား
အင်တာနက်ခန့်မှန်း - ၀- ဝ
ရန်ကုန်ဂျာနယ်များ - လီဗာပူးကို နည်းနည်းလေးပိုကြိုက်ကြ
စာရေးသူအမြင် - သရေ သို့မဟုတ် ချယ်လ်ဆီးကပ်နိုင်မယ်ထင်။