ဘာစီလိုနာအနေနဲ့ ရော်နယ်ဒင်ဟိုကို ယူရိုသန်း (၄၀) (ပေါင် ၃၁.၄ သန်း)အောက်ထက်နိမ့်တဲ့ ဈေးနဲ့ ရောင်းထုတ်မှာ မဟုတ်ကြောင်း အသင်းဥက္ကဌ ဂျိုအန်လာပေါ်တာက ပြော ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (၂)ကြိမ် ရဖူးထားတဲ့ ရော်နယ်ဒင်ဟိုကို ခေါ်ယူဖို့ ကမ်း လှမ်းတဲ့ အသင်းတွေထဲမှာ အေစီမီလန်နဲ့ ပရီးမီးယားရှစ်ကလပ်လည်း ပါဝင် ပါတယ်။
မီလန်က ဒီလအစောပိုင်းတုန်းက ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေမှာ သဘောတူညီချက် ရခဲ့ပြီလို့ ထုတ်ဖော်ခဲ့ပေမယ့် ဈေးမတည့် တာ ကြောင့် ပျက်ပြယ် သွားပါတယ်။
ဥက္ကဌ လာပေါ်တာက “ကျနော် ပြောချင်တာတစ်ခုက ရော်နယ်ဒင်ဟိုက ယူရိုသန်း (၄၀) ထက်ပိုပြီး တန်ပါတယ်” လို့ ပြောပါတယ်။
သူက ဘရာဇီးကစားသမားအနေနဲ့ အသင်းမှာပဲ ဆက်ပြီး နေသွားလိမ့်မယ်လို့လည်း ပြောပါ တယ်။
“သူ့အနေနဲ့ လောလောဆယ် စိတ်ဓါတ်တက်ကြွစေတဲ့ နည်းလမ်းသစ်တွေ ရှာဖို့ လိုပါတယ်။ သူ့ စာချုပ်က ဒီမှာ ၂၀၁၀ အထိ ရှိပါသေးတယ်”
လာပေါ်တာက တိုက်စစ်မှူး ဟင်နရီအနေနဲ့လည်း မကြာခင်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း ကို ပြန်ပြီး ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အင်္ဂလိပ်အသင်း (၃)သင်းနဲ့အတူ ရောက်ရှိနေတဲ့ ဘာစီလို နာဟာ ပထမအကျော့ အိမ်ကွင်းမှာ မန်ယူနဲ့ ဂိုးမရှိ သရေကျထားပါတယ်။
|