DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
လူငယ်တွေရဲ့ အစွမ်းနဲ့ မော်စကို ဗိုလ်လုပွဲကို မန်ယူ အရောက်လှမ်းနိုင်မယ်လို့ ဂစ်စ် ယုံကြည်
အေအက်ဖ်ပီ - ဧပြီ ၂၉၊ ၂၀၀၈

ဖာဂူဆန်ရဲ့ မန်ယူလူငယ်တွေအပေါ် အားထားမှုက ဘာစီလိုနာကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ရေးအတွက် အဓိက သော့ချက် ဖြစ်လိမ့်မယ်လို့ ရိုင်ယန်ဂစ်စ်က ယုံကြည် နေပါတယ်။

ဝေးလ်စ်လက်ရွေးစင်ဟောင်းက မန်ယူဟာ ရော်နယ်ဒို၊ ရွန်နီ၊ နာနီနဲ့ အန်ဒါဆန်တို့ရဲ့ အစွမ်း ကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားရှစ်မှာ ထိပ်ဆုံးကိုရောက်လာတာ ဖြစ်တယ်လို့ အခိုင်အမာ ပြောပါတယ်။

ဂစ်က “ကျနော်တို့ ဒီရာသီမှာ အရမ်း အောင်မြင်ပါတယ်။ အကြောင်းကတော့ မဆုတ်မနစ် ကြိုးစားမှုရဲ့ အစွမ်းတွေကြောင့်ပါ” လို့ ပြောပါတယ်။

“ကျနော်တို့မှာ အတွေ့အကြုံရှိတဲ့ လူတွေနဲ့ လူငယ်တွေကို ကောင်းကောင်း ပေါင်းစပ် ထား နိုင်ပါပြီ။ ဥရောပမှာ အတွေ့အကြုံ ကြွယ်ဝတဲ့ ကစားသမားတွေ အများကြီး ကျနော်တို့မှာ ရှိနေပါတယ်” လို့ ၀ါရင့်တောင်ပံလူက ထပ်ပြောပါတယ်။

ဒီည ဆီမီးဖိုင်နယ်ပွဲဟာ ဂစ်စ်အတွက်တော့ (၅)ကြိမ်မြောက် ဆီမီးဖိုင်နယ်ပွဲနဲ့ ချန်ပီယံလိဂ်ပွဲ (၁၀၃)ပွဲပြည့်တဲ့ ပွဲလည်း ဖြစ်ပါတယ်။


မန်ယူရဲ့ ၀ါရင့်တောင်ပံသမား ဂစ်စ်