ချဲလ်ဆီးကွင်းလယ်လူ ဖရန့်လမ်းပတ်ဟာ မနက်ဖြန် လီဗာပူးနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲမှာ ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟာ မန်ယူနိုက်တက်ကို (၂ - ၁)နဲ့ အနိုင်ရတဲ့ စနေနေ့ကပွဲတုန်းက အမေဖြစ်သူ ပတ်လမ်းပတ်ရဲ့ ဈာပနာရှိနေလို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
လမ်းပတ်ဟာ မနေ့က ချဲလ်ဆီးလေ့ကျင့်ရေးကွင်းကို လာရောက်လေ့ကျင့်ခဲ့လို့ မနက်ဖြန်ပွဲမှာ ပါဝင်ကစားဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
အန်းဖီးလ်မှာ ကစားတဲ့ ပထမအကျော့ ဆီမီးဖိုင်နယ်တုန်းက တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျ ထားပါတယ်။
လီဗာပူးကို ရာဖယ် ဘင်နီတတ်ဇ် တာဝန်ယူတဲ့ ၂၀၀၄၊၀၅ ရာသီကစပြီး ချဲလ်ဆီးနဲ့ ဆုံတဲ့ (၁၉)ကြိမ်မှာ အန်းဖီးလ်ကလပ်က (၅)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၈)ပွဲ ရှုံးထားပါတယ်။
|

လေ့ကျင့်ရေးကွင်းက လမ်းပတ်
|