မန်ယူနိုက်တက်က တိုက်စစ်မှူး ၀ိန်းရွန်နီနဲ့ နောက်ခံလူ ဗစ်ဒစ်တို့ နှစ်ယောက်စလုံး လာမယ့် အင်္ဂါနေ့ ဘာစီလိုနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။
ကစားသမား နှစ်ယောက်စလုံးဟာ ချဲလ်ဆီးကို (၂ - ၁)နဲ့ ရှုံးတဲ့ပွဲမှာ ဒဏ်ရာကိုယ်စီရပြီး နောက် ဒီမနက် လေ့ကျင့်ရေးကွင်းကို လာရောက် လေ့ကျင့်ခဲ့ပါတယ်။
ရွန်နီက မန်ယူအတွက် ချေပဂိုးသွင်းအပြီး ဒဏ်ရာဟောင်းက ပြန်ပေါ်လာခဲ့ပြီး ဗစ်ဒစ်ကတော့ ချဲလ်ဆီး တိုက်စစ်မှူး ဒရော့ဘာရဲ့ ဒူးနဲ့တိုက်မိပြီး မျက်နှာ ဒဏ်ရာရသွားခြင်း ဖြစ်ပါတယ်။
ဘာစီလိုနာကတော့ ပွဲပယ်ခံထားရတဲ့ နောက်ခံလူ မားကွတ်ဇ်ရဲ့ နေရာမှာ ပူယိုးလ်နဲ့ အစား ထိုးပြီး ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။
ကွင်းလယ်မှာ အားထားရတဲ့ ရာရာ တိုရှုးလည်း မနေ့က ဒီပို့တီပို့ကို (၂)ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရသွားလို့ အယ်မေလ်ဆင်နဲ့ ဘာကာက အစားထိုးဖွယ် ရှိပါတယ်။
စပိန်မြေမှာ ကစားတဲ့ ပထမအကျော့ပွဲစဉ်မှာ ဘာကာနဲ့ မန်ယူတို့ ဂိုးမရှိသရေ ကျထား ပါတယ်။
|

မျက်နှာက ဒဏ်ရာကို ကုသမှု ခံယူနေတဲ့ ဗစ်ဒစ်
|