DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဒဏ်ရာက ပြန်လာတဲ့ ဗန်နစ္စတယ်ရွိင်း ရီရဲလ်အသင်းဖော်တွေနဲ့ ပထမဆုံး လေ့ကျင့်ရေးစတင်
အေအက်ဖ်ပီ - ဧပြီ ၂၅၊ ၂၀၀၈

ပြီးခဲ့တဲ့လက ညာဖက်ခြေကျင်းဝတ် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူထားရတဲ့ တိုက်စစ်မှူး ဗန်နစ္စတယ်ရွိင်းဟာ ပထမအဆုံးအကြိမ်အဖြစ် ရီရဲလ်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပြီ ဖြစ်ပါတယ်။

အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့် တနင်္ဂနွေနေ့ ဘီဘာအိုနဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ရီရဲလ်ရဲ့ လက်ကျန်ပွဲတွေမှာတော့ ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

ရီရဲအသင်း ထုတ်ပြန်ချက်က သူ အသင်းမှာ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ပေမယ့် ဆေးအဖွဲ့က တော့ သူ့ကို စိတ်မချရဘဲနဲ့ အတင်း ကစားခိုင်းဖို့ ဆုံးဖြတ်မထားကြောင်း ပြောပါတယ်။

ဗန်နစ္စတယ်ရွိင်းဟာ ခြေကျင်းဝတ်ဒဏ်ရာကို ပြီးခဲ့တဲ့လ (၁၉)ရက်နေ့က နယ်သာလန်နိုင်ငံမှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ ရီရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့မှာ ဘီဘာအိုအသင်းကို အနိုင်ရရင် အနီး ကပ်ဆုံး ပြိုင်ဖက်တွေဖြစ်တဲ့ ဗီလာရီရဲလ်နဲ့ ဘာစီလိုနာက ရှုံးပွဲတွေ့သွားရင် (၃၁)ကြိမ် မြောက် လာလီဂါ ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်တော့မှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက ဗီလာရီရဲလ်က ဒီအပတ်မှာ ရီရဲလ်ဘီတစ်နဲ့ ကစား ရမှာဖြစ်ပြီး ဘာစီလိုနာက ဒီဗို့တီဗိုနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လက်ကျန်ပွဲ (၅)ပွဲပဲ ကျန်တော့တဲ့ လာလီဂါပွဲစဉ်တွေမှာ ရီရဲလ်က လောလောဆယ် (၇၂)မှတ် နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ဗီလာရီရဲလ်က (၆၂)မှတ်နဲ့ ဒုတိယ၊ ဘာစီလိုနာက (၆၁)နဲ့ တတိယနေရာမှာ ရှိနေပါတယ်။


တိုက်စစ်မှူး ဗန်နစ္စတယ်ရွိုင်း