DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဘာစီလိုနာ ပျော်နေတဲ့ ဟင်နရီ အာစင်နယ်အတွက်ဆိုရင် ပြန်ကစားပေးနိုင်ဖွယ်ရှိ
အေဂျင်စီသတင်းများ - ဧပြီ ၂၅၊ ၂၀၀၈

သီယာရီ ဟင်နရီကို ကြည့်ရတာ ဘာစီလိုနာမှာ ကစားရတာ ပျော်ပေမယ့် တကယ်လို့ အသင်းဟောင်း အာစင်နယ်အတွက် ကစားခွင့်ရရင် ပရီးမီးယားရှစ်ကို ပြန်လာနိုင်ဖွယ် ရှိပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ စပိန်မှာကစားတဲ့ ပထမရာသီအတွင်းမှာ အောင်မြင်မှု မရလို့ အင်္ဂလန်ကို ပြန်လာဖို့ ဆက်သွယ်မှုတွေ လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါ တယ်။

ဟင်နရီက “ကျနော် ဘာကာမှာ ပျော်ပါတယ်။ အာစင်နယ်ကို စွန့်လာလို့ နောင်တ မရမိပါဘူး” လို့ ပြောပါတယ်။

“အင်္ဂလန်မှာက ကျနော့်အတွက် ကစားစရာက တစ်သင်းပဲ ရှိပါတယ်။ ကျနော် အာစင်နယ် အပေါ်မှာ ချစ်တဲ့စိတ်ကို လူတိုင်း သိပါတယ်။ အခုတော့ အာစင်နယ်ရဲ့ ပရိတ်သတ် ဖြစ် လာပါပြီ”

ပြင်သစ် တိုက်စစ်မှူးဟာ လန်ဒန်မြောက်ပိုင်းကလပ်ကနေ ပေါင် (၁၆.၁)သန်းနဲ့ ဇွန် ၂၀၀၇မှာ စပိန်လာလီဂါကလပ်ကို ပြောင်းရွေ့ခဲ့ပေမယ့် နောက်ကျော ဒဏ်ရာပြဿနာကြောင့် ရုန်းကန် နေရပါတယ်။

အာစင်နယ်တိုက်စစ်မှူးဟောင်း ပရီးမီးယားရှစ် ကစားခဲ့တဲ့ ပွဲပေါင်း (၂၅၄)ပွဲမှာ ဂိုးပေါင်း (၁၇၄)ဂိုး သွင်းထားနိုင်ပေမယ့် ဘာကာမှာ ကစားခွင့်ရတဲ့ (၂၅)ပွဲမှာ (၇)ဂိုးပဲ သွင်းထား ပါတယ်။

သတင်းတွေက နယူးကာဆယ်ဟာ လာမယ့် နွေရာသီမှာ ဟင်နရီကို ပရီးမီးယားရှစ်ကို ပြန် ခေါ်ချင်နေတယ်လို့ ဆိုပါတယ်။

ပရီးမီးယားရှစ်ကို ပြန်မှာလာဆိုတဲ့ မေးခွန်းကိုတော့ ဟင်နရီက “ကျနော် မသိပါဘူး။ ကျနော် ဘာစီလိုနာမှာ ပျော်ပါတယ်။ ကျနော့် စာချုပ်က (၃)နှစ် ကျန်ပါသေးတယ်” လို့ ထပ်ပြော ပါတယ်။


ဟင်နရီ