DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
စိတ်ဓါတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု မရှိသေးကြောင်း ချဲလ်ဆီးကွင်းလယ်လူ လမ်းပတ် ၀န်ခံ
ဘီဘီစီ - ဧပြီ ၂၄၊ ၂၀၀၈

လီဗာပူးနဲ့ ရင်ဆိုင်တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲတုန်းက စိတ်ပိုင်းရော၊ ရုပ်ပိုင်းမှာပါ အပြည့်အ၀ ကြိုတင်ပြင်ဆင်နိုင်ခဲ့ခြင်း မရှိဘူးလို့ ချဲလ်ဆီးကွင်းလယ်သမား ဖရန့် လမ်းပတ်က ၀န်ခံ လိုက်ပါတယ်။

လမ်းပတ်ဟာ အဆုတ်ရောင်ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ မိခင်ဖြစ်သူအနားမှာ စောင့်ရှောက်နေရလို့ ချဲလ်ဆီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားရှစ် (၂)ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

“ပွဲတွေမှာ ကျနော့်ရဲ့ ပုံစံကိုကြည့်ရင် အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းမှာတော့ ဒီတစ်ပတ်မှာ တော်တော် ခက်ခဲပါတယ်” လို့ လမ်းပတ်က ပြောပါတယ်။

“ပွဲကြီးတွေ ကစားရင် စိတ်ဓါတ်ပိုင်းက တော်တော် ကြံ့ခိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ပွဲစတဲ့ အချိန်မှာတော့ ကျနော့်အလုပ်ကို ကျနော် အာရုံစူးစိုက် နိုင်ခဲ့ပါတယ်”

အင်္ဂလန်လက်ရွေးစင်က “မိခင်ဖြစ်သူရဲ့ အခြေအနေ တိုးတက်မှု ရှိလာလို့ လီဗာပူးနဲ့ပွဲကို ကစားဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကွင်းလယ်လူဟာ လီဗာပူးနဲ့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျတဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာ အကောင်းဆုံး ကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ချဲလ်ဆီးဟာ လာမယ့် စနေနေ့ အိမ်ကွင်းပွဲမှာ ဒီနှစ် ပရီးမီးယားရှစ် ချန်ပီယံဖြစ်ရေးအတွက် အဆုံး အဖြတ်ပေးမယ့် ပွဲအဖြစ် မန်ယူနဲ့ ကစားရမှာ ဖြစ်ပါတယ်။

မန်ယူနဲ့ ရင်ဆိုင်ရမယ့် ပွဲနဲ့ပက်သက်လို့ လမ်းပတ်က စနေနေ့ပွဲအတွက် ကျနော် အဆင်ပြေပါလိမ့်မယ်။ ပြီးခဲ့တဲ့ အပတ်ကထက်စာရင် ကျနော့်အမေ အခြေအနေက အကောင်းဖက်ကို ဦးတည်နေပါတယ် လို့ ပြောပါတယ်။


လေ့ကျင့်ရေးကွင်းက လမ်းပတ်