DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဂျုဗင်တပ်က အာစင်နယ်ကွင်းလယ်လူ ဖလာမီနီကို ခေါ်ယူတော့မယ်လို့ သတင်းထွက်
စကိုင်းစပေါ့ - ဧပြီ ၂၃၊ ၂၀၀၈

အာစင်နယ်ကွင်းလယ်လူ မက်သယူ ဖလာမီနီကို ဂျုဗင်တပ်က ရုတ်တရက် ခေါ်ယူနိုင်ဖို့ အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဂျုဗီဒါရိုက်တာ ဂျင်ကလောဒီ ဘလန့်ကို ကိုးကားပြီး သတင်း တွေက ဆိုပါတယ်။

အသက် (၂၄)နှစ်အရွယ် ကွင်းလယ်လူရဲ့ လက်ရှိစာချုက်သက်တမ်းဟာ ဒီနှစ်ဘောလုံးရာ သီအဆုံးမှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် အခုအချိန်အထိ စာချုပ်သက်တမ်း တိုးနိုင်ခြင်း မရှိသေး ပါဘူး။

သတင်းတွေက ဂျုဗီအသင်းဟာ ဖလာမီနီကို အီတလီ ခေါ်ယူနိုင်ဖို့အတွက် ဆန္ဒပြင်းပြနေတယ်လို့ ခန့်မှန်းပါတယ်။

အာစင်နည်နည်းပြ အာစင်ဝင်းဂါးကတော့ ဖလာမီနီရဲ့ အနာဂတ်က အီးမာရိတ်မှာပဲ ရှိနေ သေးပေမယ့် ဂျုဗီအသင်းက စိတ်ဝင်စားနေတာ မှန်ကန်ကြောင်း မကြာသေးမီက ထုတ်ဖော် ထားပါတယ်။

မီဒီယာတွေက အီတလီကလပ် ဂျုဗီက ကွင်းလယ်လူကို တစ်နှစ်လုပ်ခ ပေါင် (၃)သန်းနဲ့ (၅)နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိမ့်မယ်လို့ ရေးပါတယ်။

ဂျုဗီဒါရိုက်တာ ဘလန့်က “ကျနော်တို့ လိုက်နေတဲ့ ကစားသမားတွေထဲက သူက အရေးကြီးတဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“သူ့ကို ခေါ်နိုင်ရင် ကျနော်တို့အတွက် အရမ်း ကောင်းမှာပါ။ အကြောင်းကတော့ အသင်းတော် တော်များများက သူ့ကို စိတ်ဝင်စား နေပါတယ်”

မာဆေးကလပ်ကနေ ၂၀၀၄မှာ အာစင်နယ်ကို ရောက်ရှိခဲ့တဲ့ ပြင်သစ်လက်ရွေးစင် ဖလာမီနီ ဟာ ဒီနှစ်ရာသီအတွင်း ကွယ်လယ်မှာ ဖာဘရီဂတ်စ်နဲ့တွဲပြီး ခြေစွမ်းပြနေနိုင်လို့ ပုံမှန် ကစားခွင့် ရနေသူ ဖြစ်ပါတယ်။


ပြင်သစ်ကွင်းလယ်လူ ဖလာမီနီ