ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်နေတဲ့ အသင်း (၃)သင်းက မန်နေဂျာတွေရဲ့ အနာဂတ်ဟာ ဗိုလ်စွဲရင်တောင် အသင်းမှာ ရာထူးနေရာ ဆက်မြဲဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် မန်ယူနိုက်တက်နည်းပြ ဖာဂူဆန် တစ်ယောက်ပဲ မော်စကို ချန်ပီ ယံလိဂ် ဗိုလ်လုပွဲကို တက်နိုင်သည်ဖြစ်စေ မတက်နိုင်သည်ဖြစ်စေ လာမယ့်နှစ်မှာ နည်းပြ ရာထူး ဆက်မြဲဖို့ သေချာပါတယ်။
လီဗာပူးနည်းပြ ဘင်နီတတ်ဇ်၊ ချဲလ်ဆီးနည်းပြ ဂရန့်နဲ့ ဘာကာနည်းပြ ဖရန့် ရစ်ကတ်တို့ဟာ ဖိအားတွေအောက် ရောက်နေပြီး ဆီမီးဖိုင်နယ်ကနေ ကျော်ဖြတ်နိုင်မှသာ သက်သာရာရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နောက်ဆုံး ကစားထားတဲ့ (၈)ပွဲမှာ (၁)ပွဲပဲ အနိုင်ရထားတဲ့အတွက် ဇ ယားထိပ်က ရီရဲလ်နဲ့ (၁၁)မှတ် ကွာသွားပြီဖြစ်လို့ လာလီဂါ ချန်ပီယံဆုကို လက်လွတ် လိုက် ရသလို ဖြစ်သွားပြီး ရစ်ကတ်ရဲ့ စွမ်းဆောင်မှုကို မေးခွန်အထုန်ခံ နေရပါတယ်။
လီဗာပူးနည်းပြ ဘင်နီတတ်ဇ်ရဲ့ အခြေအနေကလည်း အသင်းပိုင်ရှင် နှစ်ယောက်အကြား ဖြစ်ပွားနေတဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။
ချဲလ်ဆီးမှာကတော့ အသင်းပိုင်ရှင် ဘီလျံနာ အေဗရာမိုဘစ်ခ်ျရဲ့ လက်ထက်မှာ အလုံးစုံ အာဏာရှိနေပြီး လူကြိုက်နည်းနေတဲ့ ဂရန့်ရဲ့ အနေအထားက အချိန်မရွေး အဖြုတ်ခံရ နိုင်ပါတယ်။ |