DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
သရေရလဒ်က ချဲလ်ဆီးအတွက် ထိုက်တန်ကြောင်း လမ်းပတ်နဲ့ နည်းပြ ဂရန့်တို့ မှတ်ချက်ပေး
ဘီဘီစီ - ဧပြီ ၂၃၊ ၂၀၀၈

လီဗာပူးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဝေးကွင်းမှာ သရေကျတဲ့ ရလဒ်အပေါ် ချဲလ်ဆီး ကွင်းလယ်လူ လမ်းပတ်က ထိုက်တန်တယ်လို့ ခံစားနေပါတယ်။

ဘလူးစ်အသင်းဟာ ပွဲသိမ်းမိနစ်မှာ လီဗာပူးနောက်ခံလူ ရစ်ဆီက ခေါင်းတိုက်ပြီး ကိုယ့်ဂိုးကိုယ် မသွင်းခင် အချိန်အထိ ရှုံးနိမ့် နေပါတယ်။

“ပွဲသိမ်းချိန်မှာ ကျနော်တို့အသင်း သရေကျတာ ထိုက်တန်တယ်လို့ ကျနော် ထင်ပါတယ်။ သူတို့လည်း အခွင့်အရေးတွေ အများကြီး ရသလို ကျနော်တို့လည်း ရပါတယ်။ ဒီပွဲက စစ်ပွဲ တစ်ပွဲလိုပါပဲ” လို့ လမ်းပတ်က ပြောပါတယ်။

နည်းပြ အေဘရန် ဂရန့်က “လူတွေ ပြောနေကြတာကို ကျနော် မစိုးရိမ်ပါဘူး။ ကျနော် လိုချင် တဲ့ ရလဒ်ကို ရဖို့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်မှာပါ။ အဝေးကွင်းမှာ သရေရလဒ်က အရမ်း ကောင်းပါတယ်” လို့ ပြောပါတယ်။

“ဒီရာသီအတွင်းမှာ ကျနော်တို့အသင်း နောက်ကျဂိုးတွေကနေ အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။ နှစ်ဂိုးစလုံးက နှစ်သင်းစလုံးရဲ့ အမှားကနေ ရတာပါ။ ဒါပေမယ့် ပီတာချက်ကိုတော့ မချီးကျုးပဲ မနေနိုင်ပါဘူး”

ဒုတိယအကျော့ ဆီမီးဖိုင်နယ်ပွဲကို ချဲလ်ဆီးက အိမ်ကွင်း စတန်းဖို့ဘရစ်ခ်ျမှာ လာမယ့် (၃၀) ရက်နေ့ကျရင် လီဗာပူးကို ဧည့်ခံရမှာ ဖြစ်ပါတယ်။


သရေဂိုးအတွက် အောင်ပွဲခံနေတဲ့ လမ်းပတ်