DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဘောလုံးအကဲခတ်တွေရဲ့ ခန့်မှန်းချက်ကို ဆန့်ကျင်ပြီး မန်ယူကို အနိုင်ယူဖို့ မက်ဆီ မျှော်လင့်
အေအက်ဖ်ပီ - ဧပြီ ၂၃၊ ၂၀၀၈

ဘောလုံးအကဲခတ် တော်တော်များများက ဘာစီလိုနာအနေနဲ့ မန်ယူကို အနိုင်ရဖို့ ရုန်းကန် ရဖွယ်ရှိကြောင်း ခန့်မှန်းနေကြပေမယ့် မက်ဆီကတော့ အနိုင်ရလိမ့်မယ်လို့ ယုံကြည် နေပါ တယ်။

“ခင်များတို့ ဘာကြောင့် ကျနော်တို့ကို ယုံကြည်သင့်သလဲ ဆိုတာကိုတော့ ကျနော် မပြော နိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်ကတော့ ဒီအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ အာဂျင်တီးနား တောင်ပံသမား မက်ဆီက ပြောပါတယ်။

စပိန်ထိပ်သီး ဘာကာဟာ ဒီညမှာ ပရီးမီးယားရှစ် ချန်ပီယံမန်ယူကို အိမ်ကွင်းမှာ ဧည့်ခံရ မှာဖြစ်ပြီး နောက် (၆)ရက် အကြာမှာတော့ အဝေးကွင်းပွဲ ကစားရမှာ ဖြစ်ပါတယ်။

အနိုင်ရတဲ့အသင်းဟာ လီဗာပူးနဲ့ ချဲလ်ဆီးတို့ နှစ်သင်းထဲက နိုင်တဲ့အသင်းနဲ့ မေလ (၂၁) ရက်နေ့ မော်စကိုမှာ ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီတုန်းက ရခဲ့တဲ့ ပေါင်ခြံဒဏ်ရာကို ကုသမှု ခံယူပြီး ပြန်လည် သက်သာလာတဲ့ မက်ဆီဟာ ဘာကာအသင်း နောက်ဆုံး ကစားထားတဲ့ (၂)ပွဲမှာ လူစားနဲ့ ၀င်ရောက် ကစား နိုင်နေပြီ ဖြစ်ပါတယ်။

၂၀၀၇ ဒုတိယ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင်က “ဒဏ်ရာ အခြေအနေက ကောင်းပါ တယ်။ ကစားဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် မန်နေဂျာပေါ် မူတည်ပါတယ်။ ဒီပွဲက ရော်နယ်ဒိုနဲ့ ကျနော့်ရဲ့ ကြားက ပွဲထက် အသင်းကောင်း နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပွဲဆိုရင် ပိုပြီး မှန်ပါတယ်” လို့ ထပ်ပြောပါတယ်။


မက်ဆီ