DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဘာစီလိုနာနဲ့ မန်ယူတို့ရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ ခန့်မှန်းချက်
ဒီဗွီဘီ - ဧပြီ ၂၃၊ ၂၀၀၈

ဘာစီလိုနာ - မန်ယူ

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ ဒီနှစ်သင်း မကြာခဏ မဆုံခဲ့ဖူးပေမယ့် တွေ့ခဲ့ဖူးတဲ့ အကြိမ်အများစုမှာတော့ ဘာစီလိုနာက နည်းနည်း အသာရခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် နူးကမ့်ကွင်းမှာ မန်ယူအသင်း ရလဒ် သိပ်ကောင်းလေ့ မရှိဘူး။ လက်ရှိအနေအထားမှာ ဘာစီလိုနာကလည်း လာလီဂါမှာ မျှော်လင့်ချက် ကုန်သလောက်ဖြစ်သွားတော့ ချန်ပီယံလိဂ်ကိုမဲပြီး အစွမ်းကုန် တင်ကစားမှာ သေချာလို့ ဖလားနှစ်လုံး မှန်းနေသေးတဲ့ မန်ယူအတွက် ခက်ခဲမှာ သေချာတယ်။ ဒါပေမယ့် အခုပွဲမှာ ဘာစီလိုနာ အသင်းခေါင်းဆောင် နောက်ခံလူ ပူယိုလ် ပွဲပယ်ခံထားရသလို အွန်နရီ အပါအ၀င် အဓိကကစားသမားတချို့ ကြံ့ခိုင်မှုပြသာနာနဲ့ ခြေစွမ်းကျနေတာကြောင့် ကစားသမားအင်အားနဲ့ အသင်းစိတ်ဓာတ်ချင်း ယှဉ်ကြည့်ရင် မန်ယူက နည်းနည်းသာတယ်။ ဒီပွဲမတိုင်မီ နှစ်ဘက်ကစားသမားတွေကလည်း အပြန်အလှန်ဝေဖန်ပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေကြတော့ ဒီပွဲဟာ တကမ္ဘာလုံး စောင့်ကြည့်မယ့်ပွဲဖြစ်မှာ သေချာတယ်။


ချန်ပီယံလိဂ် အမှတ်တံဆိပ်

လက်ရှိအသင်းလိုက်ခြေစွမ်းနဲ့ ကစားပုံအရကြည့်ရင် မန်ယူက နည်းနည်းသာသလို နည်းပြအတွေ့အကြုံနဲ့ အရန် အင်အားမှာလည်း ဘာစီလိုနာက အားနည်းနေလို့ ဒီပွဲမှာ အိမ်ရှင်ဖြစ်ပေမယ့် ဘာစီလိုနာ ပေါ့ဆလို့မရနိုင်ပါဘူး။ နူးကမ့်ဟာ 1999 တုန်းက မန်ယူ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၂-၁ နဲ့ ကျော်ပြီး ဗိုလ်စွဲခဲ့တဲ့ အောင်မြေဖြစ်နေတော့ ဖိအားတွေ ရှိနေတဲ့ ဘာစီလိုနာအသင်းသားတွေ တစ်ချက်မှားတာနဲ့ အခက်တွေ့ သွားနိုင်တယ်။

ဒီပွဲမှာ တာဝန်ယူမယ့် ဆွစ်ဇာလန်ဒိုင်လူကြီး မက်ဆီမိုဘက်ဆက်ကာဟာ စပိန်အသင်းတွေကို ကံကောင်းမှု ပေး စေနိုင်တဲ့ ဒိုင်လူကြီးဖြစ်ပေမယ့် ဆုံးဖြတ်ချက် ပြတ်သားပြီး အ၀ါကတ်ပြတာ ကြမ်းတဲ့ ဒိုင်ဖြစ်လို့ လက်ရှိ အ၀ါကတ်ထိထားတဲ့ မက်ဆီ၊ တိုရေး၊ မားကွက်ဇ်၊ မီလီတိုတို့အုပ်စု တော်တော်သတိထား ကစားရလိမ့်မယ်။ ဒါကြောင့်လည်း ရီကတ်က ဒီပွဲမှာ ပြစ်ဒဏ်ဘော သိပ်မပေးခံရအောင် သတိထား ကစားဖို့ သူ့လူတွေကို သတိပေး ထားတာတွေ့ရတယ်။ မန်ယူက အဲဗရာနဲ့ နာနီကလည်း အ၀ါထိထားတော့ တော်တော် သတိထား ကစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အရကြည့်ရင် အိမ်ရှင်ဖြစ်တဲ့ ဘာစီလိုနာ အနေနဲ့ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားမှာ ဖြစ်ပေမယ့် မန်ယူကိုတော့ အလွယ်တကူ အသာစီး မရနိုင်ဘူး။ ဒါပေမယ့် ဖာဂူဆန်အနေနဲ့ လာမယ့် စနေနေ့မှာ ကစားရမယ့် ချယ်လ်ဆီးပွဲအတွက် ဒုတိယပိုင်းလောက်မှာ လူလျှိုပြီး ကစားနိုင်တာကိုတော့ ဘာစီလိုနာ အခွင့်အရေးယူတတ်ဖို့ လိုတယ်။

ပွဲရလဒ်ခန့်မှန်းချက်

Asian Bookie - သရေကျရင် ဘာစီလိုနာ ၃၀ % ကြေးရှုံးမယ်
ဝီလျှံဟေးလ် - ဘာစီလိုနာကိုပဲ အပေါ်ကြေးပေးထား
အင်တာနက်ခန့်မှန်း - 2 – 1 သို့မဟုတ် 1 – 1
ရန်ကုန်ဂျာနယ်များ - ဘာစီလိုနာကို နည်းနည်းပိုကြိုက်ကြတာများ
စာရေးသူအမြင် - အပေါ်စီးကိုမကြိုက်လို့ မန်ယူကို အရဲစွန့်အားပေးသင့်တယ်