DVB Logo DVB Sports.com
 
အဖွင့်စာမျက်နှာ
 
မြန်မာ့အားကစား
 
အာရှအားကစား
 
 
ပရီးမီးယားလိဂ်
 
 
ချန်ပီယံလိဂ်
 
 
ယူရို ၂၀၀၈
 
 
ယူအီးအက်ဖ်အေ
 
 
ကမ္ဘာ့ဖလား ၂၀၀၆ နှင့် ယခင်သတင်းများ
 
Contact us
Download Font
user(s) online
 
ချန်ပီယံလိဂ်
ဘာစီလိုနာနဲ့ ရင်ဆိုင်ဖို့ ခါတိုင်းထက် ပိုကောင်းတဲ့ အနေအထားမှာ မန်ယူ ရှိနေကြောင်း ဖာဂူဆန်ပြော
ဘီဘီစီ - ဧပြီ ၂၃၊ ၂၀၀၈

ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ဖို့အတွက် မန်ယူရဲ့ ပြင်ဆင်မှုနဲ့ လက်ရှိ ခြေစွမ်းက မနှစ်ကထက် ပိုပြီး အကောင်းဆုံး အနေအထားမှာ ရှိကြောင်း နည်းပြ ဖာဂူဆန်က ပြောပါတယ်။

“များသောအားဖြင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ကျနော်တို့ အောင်မြင်မှု သိပ်မရပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ ကျနော်တို့အသင်းရဲ့ အခြေအနေက အတောင့်တင်းဆုံး ဖြစ်နေပြီလို့ ထင်ပါတယ်” လို့ မန်ယူနည်းပြက ပြောပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းမှာ မီလန်ကို (၃ - ၂)နဲ့ အနိုင် ရခဲ့ပေမယ့် ဒုတိယအကျော့ မီလန်မြေမှာတော့ (၃ - ၀)နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ ရပါတယ်။

အိုးထရက်ဖို့ဒ်ကလပ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် (၉)ကြိမ်မှာ (၂) ကြိမ်ပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင် ခဲ့ပါတယ်။

မန်ယူရဲ့ လက်ရှိ ပုံစံက ၁၉၉၄တုန်းက ဘာစီလိုနာနဲ့ ရင်ဆိုင်တုန်းက အများကြီးပိုကောင်းပြီး ၁၉၉၉ တုန်းက ခြေစွမ်းမျိုးရှိကြောင်း ဖာဂူဆန်က ထပ်ပြောပါတယ်။

ဆီမီးဖိုင်နယ်ကို တက်လာတဲ့ အသင်း (၄)သင်းထဲမှာ ဘာစီလိုနာ တစ်သင်းပဲ အင်္ဂလိပ်အသင်း မဟုတ်တာ ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ မန်ယူ နှစ်သင်းစလုံးဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေ အဖြစ် ရပ်တည် နေပါတယ်။

“အင်္ဂလိပ်အသင်းတွေရဲ့ ခြေစွမ်းက အခုဆိုရင် တခြားအသင်းတွေထက် ပိုပြီး အကောင်းဆုံး အနေအထားမှာ ရှိပါတယ်။ ခြေစွမ်းပိုင်းမှာ တိုးတက်လာပါတယ်။ ဒါဟာ အခွင့်အရေးပဲ ဖြစ်ပါတယ်”


ဖာဂူဆန်