ဘရာဇီးနည်းပြ ကားလို့စ် အယ်ဘာတို ပါရဲရာက တောင်အာဖရိကအသင်း နည်းပြအဖြစ်ကနေ နူတ်ထွက်လိုက်ပြီဖြစ်ကြောင်း မနေ့က ကြေညာပါတယ်။
တောင်အာဖရိကအသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားမှာ ကြီးကြပ်ဖို့အတွက် (၃)နှစ်ခွဲ စာချုပ်ချုပ် ဆို ထားပြီး လောလောဆယ် စာချုပ်သက်တမ်း (၁၅)လပဲ ရှိသေးတဲ့ ပါရဲရာဟာ ဘရာဇီးမှာ ကျန် ရစ်တဲ့ ဇနီးဖြစ်သူ မကြာသေးမီက ခွဲစိတ်ကုသမှု ခံယူရအပြီးမှာ နူတ်ထွက်ခဲ့ခြင်း ဖြစ်ပါ တယ်။
နူတ်ထွက်စာကို ပါရဲရာက တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဆီကို ပေးပို့ခဲ့ပါတယ်။
ဂျိုအန်နက်စ်ဘတ်ကလာတဲ့ သတင်းတွေအရ ဘရာဇီးနည်းပြရဲ့ ဇနီးဖြစ်သူဟာ ကင်ဆာရောဂါ ခံစားနေရကြောင်း ဆိုပါတယ်။
အသက် (၆၅)နှစ်အရွယ် ပါရဲရာဟာ ဘရာဇီးအသင်း စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တဲ့အချိန်မှာ နည်းပြအဖြစ် တာဝန်ယူ ခဲ့ပါတယ်။
တောင်အာဖရိကအသင်းဟာ ဘရာဇီးနည်းပြလက်ထက်မှာ ကစားထားတဲ့ ပွဲတွေမှာ (၉)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၆)ပွဲရှုံး ထားပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလားအိမ်ရှင် တောင်အာဖရိကအသင်းဟာ အာဖရိကမှာ အဆင့် (၁၃) ရှိပြီး ကမ္ဘာ့အဆင့်မှာတော့ (၆၉)နေရာမှာ ရှိနေပါတယ်။
|

တောင်အာဖရိကအသင်းကနေ နူတ်ထွက်သွားတဲ့ ပါရဲရာ
|