ပေါင်ခြံဒဏ်ရာ ခံစားနေရတဲ့ မန်ယူ ဂိုးသမား အက်ဒ၀င် ဗန်ဒါဆားဟာ မနက်ဖြန် ဘာစီလိုနာနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွက် ပြန်လည် ကြံ့ခိုင်လာပြီ ဖြစ်ပါတယ်။
ဘလက်ဘန်းနဲ့ စနေနေ့ကပွဲမှာ ဒဏ်ရာအနည်းငယ် ရထားတဲ့ ၀ိန်းရွန်နီနဲ့အတူ အသေးအဖွဲ ဒဏ်ရာကိုယ်စီ ရထားတဲ့ ကွင်းလယ်က အိုဝင်ဟာ့ ဂဗေးနဲ့ အန်ဒါဆင်တို့လည်း ပြန်ကစားနိုင် တော့မှာ ဖြစ်ပါတယ်။
မနက်ဖြန် ဘာစီလိုနာနဲ့ ရင်ဆိုင်မယ့် မန်ယူရဲ့ လူစာရင်းမှာ ဂယ်ရီနဗီးလ်နဲ့ ဒါရန် ဖလက်ချာတို့ရဲ့ နာမည်တွေလည်း ပါဝင် လာပါတယ်။
ဘာကာတိုက်စစ်မှူး သီယာရီ ဟင်နရီကတော့ အဖျားရောဂါကြောင့် မနေ့က လေ့ကျင့်ရေး ကွင်းကို လာရောက်နိုင်ခြင်း မရှိပါဘူး။
မန်ယူရဲ့ ပဏာမ လူစာရင်း -
ဗန်ဒါဆား၊ နဗီးလ်၊ အီဗရာ၊ ဟာ့ဂဗေး၊ ဖာဒီနန်၊ ဘရောင်း၊ ရော်နယ်ဒို၊ အန်ဒါဆန်၊ ရွန်နီ၊ ဂစ်စ်၊ ပတ်ခ်ဂျီဆန်၊ ဗစ်ဒစ်၊ ကာရစ်၊ နာနီ၊ စခိုးလ်၊ ပီကွတ်၊ အိုရှေး၊ ဖလက်ချာ၊ ဆီဗက်စတာ၊ ကာဇက်ဇက်၊ တယ်ဗက်ဇ်၊ ဟီတန်၊ ၀ယ်ဘက်
|