ဂျုဗင်တပ်အသင်းရဲ့ မန်နေဂျင်း ဒါရိုက်တာဟောင်း လူစီယာနို မော့ဂီက ဘောလုံးအားကစားမှာ လိင်တူချင်း ဆက်ဆံသူတွေ ပါဝင်လာတာကို ဆန့်ကျင်ကြောင်း မနေ့က ရုပ်သံ အင်တာဗျုး တစ်ခုမှာ ပြောပါတယ်။
မော့ဂီဟာ အဂတိလိုက်စားမှု စွပ်စွဲချက်တွေကြောင့် အသင်းကနေ အထုတ်ခံထားရပေမယ့် ရာ ထူးရှိစဉ်ကလည်း လိင်တူချင်း ဆက်ဆံသူတွေကို ဘောလုံးလောကထဲကို ရောက်လာမှာကို ဆန့်ကျင်ခဲ့ ဖူးပါတယ်။
“ဘောလုံးလောကမှာ ဂေး (လိင်တူချင်း ဆက်ဆံသူ အမျိုးသား)တွေ မရှိပါဘူး။ ကစား သမား တွေ ကိုယ်တိုင်ကတော့ သူတို့အသင်းမှာ ဂေးတွေ ရှိနေတာကို ကြိုက်မကြိုက် ကျနော် မသိ ပါဘူး။ ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်” လို့ ဂျုဗီဒါရိုက်တာဟောင်းက ပြောပါ တယ်။
“ကျနော် ဂျုဗီမှာ လုပ်တုန်းက အသင်းတွေမှာ ဂေးတွေ မရှိပါဘူး။ အခုအချိန်အထိ ကျနော့် အ ယူအဆက ဂေးတွေကို ဘောလုံးသမားအဖြစ်နဲ့ မလိုချင်ပါဘူး။ လက်မှတ်ထိုး ခေါ်ဖို့လည်း မ စဉ်းစားပါဘူး”
မော့ဂီက “ကျနော်က ရှေးကျတဲ့ လူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘောလုံး လော ကမှာ ဂေးတွေ ရှင်သန် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး” ထပ် ပြောပါတယ်။
“လိင်တူချင်း ဆက်ဆံသူတွေအနေနဲ့ ဘောလုံးသမားတစ်ယောက်အဖြစ်နဲ့ အသက်မွေးနိုင်မှာ မ ဟုတ်ပါဘူး။ ဘောလုံးအားကစားက ထူးခြားတဲ့ ပတ်ဝန်းကျင်တွေ ရှိပါတယ်”
“ဥရောပ ဘောလုံးလောကမှာတော့ လူသိရှင်ကြား ထုတ်ဖော်ထားတဲ့ ဂေး ဘောလုံးသမားတွေ မရှိပါဘူး”
အာဂျင်တီးနားနည်းပြဟောင်း ဒယ်နီရယ် ပက်ဆာရယ်လာကတော့ ၁၉၉၈ ကမ္ဘာ့ဖလား ဘော လုံးပွဲမတိုင်မီတုန်းက သူ့အသင်းမှာ ဆံပင်ရှည်တဲ့သူနဲ့ ဂေးတွေကို မလိုချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။
တကယ်တမ်းမှာတော့ အာဂျင်တီးနားနည်းပြက ဆံပင်ရှည်ထားတဲ့ ဘာတစ္စတူတာကို သူ့အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။
|

ဂျုဗီမန်နေဂျင်း ဒါရိုက်တာဟောင်း မော့ဂီ
|